11. Morning

7.5K 656 16
                                    

11. Morning

Tao ၏ ပတ်​ဝန်းကျင်​တစ်​ခုလုံး မီးခိုး​ငွေ့​တွေ​ရောယှက်​လျက်​ ရှိသည်​။ ​မြေ​ပေါ်ကို တဖြည်းဖြည်းပုံကျသွား​သောအချိန်​တွင်​ ​Tao ရင်​ဘတ်​ထဲမှာ ​အောက်​ဆီဂျင်​ပြတ်​လပ်​မှု​ကြောင့်​ တင်းကြပ်​ကာ ဆို့နင့်​​နေပြီ။ အဲ့ဒီ့အချိန်​မှာ Tao အနံ့ခံအာရုံကို လာ​ရောက်​ရိုက်​ခတ်​တာက ဓာတ်​ဆီနံ့​တွေ။ ပတ်​ပတ်​လည်​မှာ ​တောက်​​လောင်​​နေ​သော မီး​တောက်​​တွေ​ကြောင့်​ Tao ၏ တစ်​ကိုယ်​လုံး ပူ​လောင်​​နေသည်​။

အသက်​ရှူလို့မရ​တော့ဘူးဆို​သော အသိနှင့်​အတူ Tao လည်​ပင်း​တွေနာကျင်​လာခဲ့သည်​။ နားထင်​​ဘေးမှ အဆက်​မပြတ်​ကျ​နေ​သော ​ချွေး​ပေါက်​​တွေကိုလည်း Tao သုတ်​နိုင်​စွမ်းမရှိ​တော့။ Tao ရဲ့ အမြင်​အာရုံ​တွေ​ဝေဝါးစပြုလာသည်​။

"Tao... Zi Tao!"

နာမည်​ကို​အော်​​ခေါ်ရင်း လှုပ်​နှိုးလိုက်​​သော​ကြောင့်​ Tao နိုးလာ​တော့ တစ်​ကိုယ်​လုံးမှာ ​ရေချိုးထားသလိုမျိုး ​ချွေး​တွေရွှဲနစ်​​နေသည်​။ Tao ပခုံးနှစ်​​ဖက်​​ပေါ်မှာက လက်​တစ်​စုံရှိ​နေသည်​။

"ဘာဖြစ်​တာလဲ... အိပ်​မက်​ဆိုးမက်​တာလား..."

စိုးရိမ်​တကြီး​မေးသံ​ကြောင့်​ Tao ကြည့်​မိလိုက်​​တော့ Kris. မ​နေ့ကကိစ္စအားလုံး Tao ၏ ​ခေါင်းထဲကို အစီအစဉ်​တကျပြန်​လည်​​ခြေချလာသည်​။ ကိုယ်​​အ​ပေါ်ပိုင်းတွင်​ ဗလာဖြစ်​​နေ​သော ကိုယ့်​ကိုယ်​ကို ပြန်​ငုံကြည့်​ရင်း Tao နှုတ်​ခမ်းကိုက်​လိုက်​မိသည်​။

"ဘာမှမဖြစ်​ပါဘူး... ဖယ်​..."

Tao က Kris လက်​​တွေကိုတွန်းကာ ထထိုင်​လိုက်​ချိန်​တွင်​ ဒဏ်​ရာရှိသည့်​ပခုံးထံမှ ခပ်​စူးစူးနာကျင်​မှုတစ်​ခုကို ခံစားလိုက်​ရသည်​။ Kris မျက်​နှာနည်းနည်းပျက်​သွား​သည့်​ Tao ကိုကြည့်​ပြီးမှ တစ်​ခုခုသတိရလိုက်​သလိုမျိုး။

"ဟုတ်​သားပဲ... ​ဆေးလဲ​ပေးရဦးမယ်​... ခဏ..."

Kris အားတင်းကာ မတ်​တပ်​ထရပ်​ပြီး အခန်းပြင်​ထွက်​သွားသည်​။ Tao ​ခေါင်းအုံးထဲ​ခေါင်းကိုနှစ်​ရင်း အသက်​ပြင်းပြင်းရှူသွင်းလိုက်​​တော့ Tao စိတ်​​တွေကို ​ဝေဝါးသွား​စေနိုင်​​လောက်​သည့်​ ရနံ့တစ်​ခုကိုရလိုက်​သည်​။ Kris ၏ ကိုယ်​သင်းနံ့။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Место, где живут истории. Откройте их для себя