30. Real Nightmares
ခေါင်မိုးပေါ်တက်သော လှေကားနားတွင်ရှိသည့် ထောင့်တစ်ခုတွင် XiuMin နှင့် Lay တို့ တစ်ယောက်နားတစ်ယောက်ကပ်ရင်း ရပ်နေမိကြသည်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ သူတို့ကလွဲပြီး ဘယ်သူမှသိမယ်မထင်။ ဒါပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်နှစ်ခုက တော်တော်ကိုနီးကပ်နေသည်။ သူတို့စိတ်မရှည်လက်မရှည် စောင့်ဆိုင်းနေတုန်းမှာပဲ လှေကားပေါ်မှခြေသံနှစ်စုံကို ကြားလိုက်ရသည်။
"လာနေကြပြီထင်တယ်..."
သူတို့ပြောရင်း အချင်းချင်းကြည့်လိုက်မိသည်။ ပြီးတော့ ဆွဲထားသော အစီအစဉ်အရ Lay က XiuMin ရဲ့ ခါးကိုဘယ်လက်နှင့်ဆွဲကိုင်လိုက်ကာ...
Chen နှင့် Suho တို့ လှေကားအတိုင်းဆင်းလာရင်း လှေကားနားရောက်တော့ ခြေလှမ်းတွေရပ်ကာ အလိုလိုနှလုံးခုန်ရပ်သွားမိကြသလို။ ရင်ဘတ်ကိုဆွဲဆုပ်ခံလိုက်ရသော ခံစားချက်မျိုးနဲ့အတူ သူတို့ရဲ့အကြည့်တွေကလည်း ထောင့်ဆီက ကောင်လေးနှစ်ယောက်ဆီမှာ။
အသက်ရှူသံပြင်းပြင်းတွေကို သူတို့ကြားနေရချိန်တွင် မြင်ကွင်းထဲမှာတော့ Lay က XiuMin နမ်းရှိုက်နေသည်။ နှုတ်ခမ်းအစုံ၏ ထိတွေ့မှုကိုသူတို့သေချာ မမြင်ရပေမဲ့ မှန်းတော့မှန်းဆနိုင်သည်။
ဒီအဆင့်ထိရောက်သွားကြပြီကိုး... Chen သက်ပြင်းရှိုက်မိသည်။ အဲ့ဒီ့အချိန်မှာပဲ ကောင်လေးနှစ်ယောက်ဆီက ညည်းညူသံတွေ...
Suho က မျက်နှာလွှဲကာ Chen ကိုတွန်းဖယ်ပြီး ရှေ့ဆုံးကပြေးထွက်မှ Chen လည်း သတိဝင်လာသည်။ နှောင့်ယှက်ဖို့မကောင်းသောကြောင့် Chen လည်း ထိုနေရာကို အမြန်ကျောခိုင်းလာခဲ့ရသည်။
သူတို့ရဲ့ခြေသံတွေ တဖြည်းဖြည်းဝေးသွားမှ XiuMin နှင့် Lay တို့ တစ်ယောက်မျက်နှာနား တစ်ယောက်ကပ်နေရာမှခွာလိုက်သည်။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြုံးမိသည်။
YOU ARE READING
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...