14. Untitled
"ဘာကိုရှာနေတာလဲ?"
Sehun ကြမ်းပြင်ပေါ်မှာ ကုန်းကုန်းကွကွလုပ်နေသော Luhan ကို ဆွဲထူရင်းမေးလိုက်သည်။
"ထွက်ပေါက်..."
Luhan က ဆွဲထားတာတောင် ခြေကိုဟိုဆောင့် ဒီဆောင့် ဆောင့်နင်းသေးသည်။
"ကြမ်းပြင်မှာလည်း အပေါက်မရှိဘူး..."
ပြောရင်း မီးဖိုခန်းထဲ Luhan ဝင်သွားပြန်သည်။ အဲ့ဒီ့လိုလိုက်ရှာနေလို့ရမတဲ့လား။ ဒီအိမ်မှာက အပြင်ကိုသိသိသာသာထွက်လို့ရသည့် တံခါးပေါက်မှ မရှိဘဲ။ လူတွေမသိအောင် လုပ်ထားသည့်နေရာမို့ ထွက်ပေါက်ကို ဝှက်ထားရတဲ့ဟာကို။
"Aish... မင်းလိုက်ရှာနေရင်လည်း တွေ့မှာမဟုတ်ဘူး..."
SeHun ပြောရင်း မီးဖိုခန်းထဲမှာ (ဘာမှလည်းမဆိုင်ဘဲ) အိုးခွက်ပန်းကန်တွေကို ဟိုလှန်ဒီလှန်လုပ်နေသည့် Luhan ကို ပခုံးမှနေ၍ ဆွဲလိုက်သည်။
"ကဲပါ... လျှောက်လုပ်မနေနဲ့တော့..."
"မရဘူး... ငါအဲ့ဒီ့လူသတ်သမားကို ရှာမှဖြစ်မယ်..."
"Luhan... မင်းတကယ်ပဲ အပြင်ကိုပြန်ထွက်ချင်တယ်ဆိုရင် ငါပို့ပေးမယ်..."
Sehun ပြောကာ Luhan ကို ဆွဲလှည့်ပြီး မျက်နှာလေးကို လက်ဝါးနှင့်အုပ်ကိုင်လိုက်သည်။
"မင်းငါ့ကို ကတိပေးမှရမယ်..."
Luhan နားမလည်သော မျက်ဝန်းလှလှလေးတွေနှင့် မော့ကြည့်လာတော့ Sehun ပြုံးလိုက်သည်။
"မင်းအခုဖြစ်ခဲ့သမျှတွေအားလုံးကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူး... မင်းကိုတစ်ယောက်ယောက်က ငါနဲ့ပတ်သတ်ပြီး မေးလာရင် မင်းနဲ့ငါဘာမှမဆိုင်ဘူးလို့ပဲ ပြောလိုက်ပါ..."
"ဘာလို့လဲ..."
"မင်းကောင်းဖို့အတွက်ပေါ့... ပြီးတော့ ငါ့အကြောင်းဘာတွေကြားကြား ငါ့ကိုမုန်းမသွားပါနဲ့..."
DU LIEST GERADE
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...