21. Identity Of The Dark Vampire
မြို့နာရီစင်က ရှစ်နာရီကိုပြသည့် နာရီရှစ်ချက်ကို တီးလိုက်သည်။ အဲ့ဒီ့နာရီက အချိန်ကိုပြနေသလို၊ သူတို့အချင်းချင်း ကြည့်နေကြတာ ဆယ်မိနစ်ရှိပြီဆိုတာကိုလည်း ပြနေသလို။
"မင်းမဝန်ခံရင် ငါမင်းကိုတကယ်မညှာဘူးနော်..."
XiuMin က ငါးကြိမ်မြောက်အဖြစ် ပြောလိုက်ကာ ညာလက်ကောက်ဝတ်ကို လှည့်လိုက်သည်။ နောက်တော့ XiuMin လက်ထဲရောက်လာတာက ရေခဲဓားပါးလေးနှစ်လက်။ ဓားပါးလေးတွေ၏ အသွားက အပြာနုရောင်လက်နေတာမို့ Chen မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ငါမဟုတ်ဘူးလို့ ပြောနေတယ်လေ..."
Chen ပြောရင်းနောက်ကို နှစ်လှမ်းဆုတ်သွားသည်။ Chen မျက်လုံးတွေက နီညိုရောင်အဆင့်မှာ ရပ်တန့်နေသည်။ ရဲလည်းရဲမလာခဲ့။ ဒါပေမဲ့ အစွယ်တွေကတော့ အနည်းငယ်ပိုချွန်ထက်လာခဲ့သည်။ အိမ်တော်ထိန်း Kim ကတော့ နောက်ကို ဆုတ်သွားသည်။ ပြီးတော့ အပေါ်ထပ်ကို ပြေးတက်သွားလေသည်။
XiuMin နှင့် Chen တို့ တစ်ယောက်အကြည့်ကို တစ်ယောက်ရှောင်လွှဲခြင်းမရှိ။ သူတို့မျက်လုံးထဲတွင် ရှိနေသော အကြည့်တွေက မုဆိုးအချင်းချင်းကြည့်သည့် အကြည့်တွေလိုမျိုး။
"ဘာဖြစ်နေကြတာလဲ..."
ChanYeol က အခန်းထဲခပ်သွက်သွက် ပြေးဝင်လာရင်း အော်မေးတော့ XiuMin က ChanYeol ကိုပါခပ်စူးစူးစိုက်ကြည့်နေလိုက်သည်။ ChanYeol ဆံပင်က ခြောက်အောင်မသုတ်ရသေး၍ ရေစိုကာ ရေစက်အချို့က ကြမ်းပေါ်ကျနေသည်။ နောက်မှ ဆင်းလာသော Baekhyun ၏ ဆံပင်ကလည်း ဒီအတိုင်းစိုကပ်ပိပြားနေလေသည်။
"မင်းတို့ဘာဖြစ်နေတာလဲဆိုမှပဲ..."
ChanYeol အော်လိုက်တော့ XiuMin က ကိုယ်ကိုအသင့်ပြင်ထားရင်းမှ...
"ဒီနေ့ Dark vampire လူထပ်သတ်တယ်... ငါအလောင်းနားကနေ သူ့ခြေရာနဲ့ သူ့ရေမွှေးနံ့ကိုရလို့ ဒီကိုလိုက်လာတာ..."
VOCÊ ESTÁ LENDO
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasia*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...