18. Feelings
ညဆယ်နာရီခွဲအချိန်။ ဒါပေမဲ့ Baekhyun မအိပ်ဖြစ်သေးဘဲ စားပွဲရှေ့မှာ မတ်တတ်ရပ်ရင်း Baekhyun အမှုတွဲဖိုင်တွေကို ပြန်ဖတ်ကြည့်နေဖြစ်သည်။ ပထမကတော့ ထိုင်နေပေမဲ့ ထိုင်ရတာ ညောင်းလာလို့လေ။
Baekhyun သေဆုံးသွားသူတွေ၏ နာမည်တွေဖတ်ကြည့်လိုက်သည်။ တစ်နေ့တည်း ငါးလောင်းဆိုတာကတော့ ထူးဆန်းလွန်းနေပြီ။ သေသွားတာကလည်း ကောင်မလေးတွေချည်းပဲ ဖြစ်နေတာတော့ တိုက်ဆိုင်တာ မဟုတ်လောက်။ သူ စုံစမ်းကြည့်လိုက်တော့လည်း ကောင်မလေးတွေက တစ်ယောက်နှင့်တစ်ယောက်တောင် သိကြသည့်ပုံမပေါ်။ ဒီတော့ ကောင်မလေးတွေကိုပဲ လက်စားချေနေတာမျိုးလည်း မဖြစ်နိုင်ပါ။
လူသတ်သမားက Sehun ပြောခဲ့သည့် နာမည်သုံးခုပိုင်ရှင်တွေထဲက ဖြစ်နိုင်ပါ့မလား။ Chen က လူသွေးသောက်ချင်သည့်စိတ်ရိုင်းဖောက်ဖို့ နေနေသာသာ တိရစ္ဆာန်သွေးတောင်မှ သိပ်မသောက်တာ။ Chen မဖြစ်နိုင်ပါ။ Yura ဆိုတဲ့တစ်ယောက်ကတော့ ဖြစ်နိုင်ချေရှိသည်။ ဒါပေမဲ့သူက Baekhyun ရဲ့သွေးကိုသောက်ဖို့ ကြိုးစားခဲ့တာလေ။ Baekhyun က မိန်းကလေးမှမဟုတ်တာ။
ဒါဆို ChanYeol ကရော... ChanYeol အကြောင်း Baekhyun က ဘယ်လောက်သိနိုင်မှာ မို့လို့လဲ။ သူသတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ChanYeol က အဲ့ဒီ့လိုလုပ်မဲ့သူမျိုးဟုတ်မယ်မထင်။ ဒါပေမဲ့....
"ဒါပေမဲ့ဘာဖြစ်လဲ..."
ကျောဘက်ဆီက ခပ်တိုးတိုးအသံကြောင့် Baekhyun ၏ ကျောထဲစိမ့်သွားရသည်။ Baekhyun လှည့်ကြည့်လိုက်သောအခါတွင်တော့ Baekhyun နှင့် တော်တော်ကိုနီးကပ်နေသော မျက်နှာတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ChanYeol.
ဘယ်အချိန်ကတည်းက အခန်းထဲရောက်ဎလဲမသိပါ။ Baekhyun လှည့်လိုက်တာနှင့် သူက Baekhyun ၏ ကျောဘက်က ခုံပေါ်ကိုလက်လှမ်းထောက်ရင်း Baekhyun ကိုကြည့်နေသည်။ Baekhyun ကတော့ သူ့လက်မောင်းနှစ်ဖက်ကြား ရောက်နေသည်။ နောက်လည်း ထပ်ဆုတ်၍ မရတော့။
ESTÁS LEYENDO
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasía*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...