3. Poisoned

7.8K 742 22
                                    

3. Poisoned

Sehun ဆိုဖာ​ပေါ်မှာလှဲကာ မျက်​လုံးကိုမှိတ်​ထား​မိသည်​။ အနည်ငယ်​မာ​သော ​ခေါင်းအုံးက သူအိပ်​​နေကျ နူးနူးညံ့ညံ့​ခေါင်းအုံးမျိုး မဟုတ်​​သော်​လည်း အိမ်​ကထွက်​လာတာ ကြာ​နေပြီဖြစ်​​သော Sehun အတွက်​ ဒါ​တွေနှင့်​ ​အသားကျ​နေပြီ။ အရင်​လိုမျိုး သူ့​ဘေးက​နေ သူ​ပြောသမျှလုပ်​​ပေးမည့်​ အ​စေခံ​တွေမရှိ၊ ဒါ​ပေမဲ့ အရင်​ကထက်​ပို၍ အ​နှောင်​အဖွဲ့ကင်း​သော ဘဝမျိုးကို Sehun ကြိုက်​သည်​။

အိပ်​ရာခင်းစ၏လှုပ်​ရှားသံ​ကြောင့်​ Sehun လှမ်းကြည့်​လိုက်​​တော့ အနည်ငယ်​လူးလွန့်​လိုက်​​သော ဆံပင်​​ရွှေ​ရောင်​နှင့်​​ သမန်းဝံပု​လွေ​လေး ကို​တွေ့လိုက်​ရသည်​။ [Sehun သူ့နာမည်​မသိ​သေးပါ]

စောင်​အဖြူပါး​လေး​အောက်​တွင်​ သူ့ရင်​ဘတ်​​​လေးက နှလုံးသား၏စည်းချက်​အတိုင်း မြင့်​လိုက်​နိမ့်​လိုက်​နှင့်​ ရှိ​နေသည်​။ လှုပ်​ရှားနိုင်​ပြီဆိုမှ​တော့ သက်​သာ​နေ​လောက်​ပြီထင်​သည်​။ Werewolf ​တွေက ကိုယ့်​ကိုယ်​ကိုဒဏ်​ရာကုနိုင်​​သည့်အပြင်​ သူ့ကို Sehun ၏ ​သွေးအနည်းငယ်​က​လည်း ကူညီ​ပေးထား၍ မကြာခင်​​ကောင်းလာမှာ​သေချာသည်​။

Sehun ကိုယ့်​ကိုယ်​ကိုအနား​ပေးဖို့ လုပ်​မိ​နေ​သော်​လည်း Sehun ၏ အနည်းငယ် ​ရှည်​​သောအရပ်​​ကြောင့်​ ​ခြေက​ဆိုဖာ၏ ​နောက်​ထပ်​လက်​ရန်းတစ်​ခုနှင့်​ တိုက်​မိ​နေသည်​။ ဘာကိုမှ အဆင်​​မ​ပြေတာမကြိုက်​​သော​ကြောင့်​ ဆို​ဖာ​ပေါ်​လှဲရတာ ပိုအဆင်​​ပြေ​အောင်​ Sehun ​ခြေ​ချိတ်လိုက်​သည်​။

Sehun ဝတ်​ထား​သော အင်္ကျီမှကြယ်​သီးအနည်းငယ်​ကို ဖြုတ်​ထား၍ ရင်​ဘတ်​က အနည်း​ငယ်​​အေး​နေသည်​။ ဒါ​ပေမဲ့ Sehun လို​မျိုး ​ရေခဲတမျှ​အေး​သော အသားအရည်​ပိုင်​ရှင်​အတွက်​ ကိုယ့်​လက်​ကလွဲပြီး ဘယ်​အရာမှပိုမ​အေးနိုင်​ပါ။

Sehun သတိလွတ်​စပြု​သောအချိန်​မှာပဲ တစ်​ခုခုက​ပြေးလာ၍ Sehun ​မြေ​ပေါ်လှိမ့်​ဆင်းလိုက်​သည်​။

"ခလွမ်း..."

ဖန်​ပန်းအိုးတစ်​လုံးက​တော့ နံရံကိုထိမှန်​၍ အပိုင်းပိုင်းအစစ ကွဲ​ကြေသွားခဲ့ပြီ။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Where stories live. Discover now