28. A Warning To Suho
ရှစ်နာရီခွဲပြီ။ Baekhyun အင်္ကျီပြန်ဝတ်ပြီးတာနှင့် ChanYeol ဘက်ကြည့်လိုက်တော့ ChanYeol က အင်္ကျီဝတ်နေဆဲပဲရှိသေးသည်။
"ChanYeol..."
"အင်း... ပြောလေ..."
Baekhyun ဘာမှမပြောဖြစ်ပဲ ပြတင်းပေါက်ကိုပဲဖွင့်လိုက်မိသည်။ ပြတင်းပေါက်မှတိုက်ခတ်လာသော လေနုအေးတွေက Baek ရဲ့ဆံပင်အချို့ကို ဖွာလန်ကြဲမတတ်ဖြစ်သွားစေသည်။
ခဏချင်းမှာပဲ Baekhyun ရဲ့ခါးကို ChanYeol က ဖက်ထားလိုက်သည်။ ဒီအချိန်မှာ ဘာကိုမှမခံစားချင်ပေမဲ့ ChanYeol လေပြည်တွေထဲမှ အနံ့တစ်ခုရလိုက်သည်။ အဲ့ဒီ့အနံ့က...
"Baek... ဒီမှာ ခဏနေခဲ့ဦး..."
ChanYeol မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ တကယ်တော့ BaekHyun လိုက်ချင်ရင်တောင်မှ လိုက်လို့မှမရသေးတာ... ခြေထောက်တွေက အလုပ်မလုပ်နိုင်သေးဘူးလေ... (ဘာလုပ်ထားလဲ သိတယ်မဟုတ်လား... >////<)
"ChanYeol!"
အော်သံနဲ့အတူ BaekHyun တစ်ယောက် ChanYeol ကိုအလန့်တကြားလှမ်းဆွဲမိလိုက်သည်။ ChanYeol က ဖျတ်ခနဲဆို ပြတင်းပေါက်ဘောင်ပေါ် ခြေလှမ်းတွယ်လိုက်တာကိုး။
"Gwaenchanha Baekkie. ဘာမှမဖြစ်ပါဘူး..."
"Yah... ငါ့ကိုနာမည်ပြောင်ပေးပြန်ပြီလား..."
ChanYeol ပြုံးရင်း ပြတင်းပေါက်မှနေ၍ ပတ်ဝန်းကျင်ကိုအကဲခတ်မိလိုက်သည်။ ပြတင်းပေါက်ဘောင်ပေါ် ခြေတင်လျက် တစ်ကိုယ်လုံးအပြင်ရောက်နေသော ChanYeol ကို အောက်မှလူတွေ လှမ်းမမြင်တာတော်သေးသည်။
ChanYeol သေချာလိုက်ကြည့်လိုက်တော့ သိပ်မဝေးသည့် ခေါင်မိုးတစ်နေရာမှ ChanYeol ကို လှမ်းကြည့်နေသော တစ်ကိုယ်လုံးပန်းနုရောင်ဆင်ထားသည့် Angel တစ်ယောက်။ နောက်မှာလည်း ပုံမှန်သားမွေးလိုမဟုတ်ဘဲ လိပ်ပြာလိုတောင်ပံတွေနှင့်။ ChanYeol သူ့ကိုလက်ညိုးထိုးကာ လာဖို့လက်ယပ်ခေါ်လိုက်သည်။ ပြီးတော့ အိမ်ထဲပြန်ဝင်လိုက်သည်။
YOU ARE READING
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...