33. Settled

6.1K 549 20
                                    

33. Settled

"အား..."

BaekHyun ​အော်​လိုက်​မိသည်​။ သူ့ကိုဝင်​တိုက်​လိုက်​​သော သူ​တွေ​ကြောင့်​ပါ။ အားပြင်းမပြင်းက​တော့ ​ပြောစရာ​တောင်​မလို၊ ကြမ်းပြင်​​ပေါ်ကို​တောင်​မှ ပစ်​လဲကျသွားသည်​။ ပခုံးနှင့်​လက်​​မောင်းက​တော့ ​တော်​​တော်​နာသွား၏။

BaekHyun မျက်​လုံးမှိတ်​ထားမိ​ပေမဲ့ အတန်​ကြာသည့်​တိုင်​​အောင်​ ဘာမှမဖြစ်​​သေး၍ မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ BaekHyun ကိုကြည့်​​နေသည့်​ မျက်​ဝန်းများ။ အဲ့ဒီ့အကြည့်​​တွေက ရန်​လို​နေတာ​တော့မဟုတ်​၊ ဒါ​ပေမဲ့ BaekHyun မခွဲခြားနိုင်​သည့်​အကြည့်​​တွေ။ သူတို့မျက်​ဝန်း​တွေက ​ကြောက်​စရာ​ကောင်းလွန်းသည်​။

"အား..."

ခြေကိုလာထိသည့်​ ​အေးစက်​စက်​အထိအ​တွေ့​ကြောင့်​ BaekHyun ​ခြေကိုရုတ်​ရင်း ​အော်​မိသည်။ ​အော်​သံ​ကြားမှ ​ခြေကျင်းဝတ်​ကို ကိုင်​ထား​သော ​လက်​တစ်​ဖက်​က ပြန်​ဆုတ်​သွား​လေသည်​။ BaekHyun ကြမ်း​​ပေါ်မှာလှဲ​နေတာကို ကြည့်​​နေ​သော မျက်​လုံး​ပေါင်းမနည်း။ BaekHyun ရင်​​တွေလှိုက်​​နေပြီ။ ဆုံးဖြတ်​ထားတယ်​ဆို​ပေမဲ့ ဒီလိုကြီးလက်​ခံလိုက်​ရ​တော့လည်း မ​သေချင်​​သေးပါ...

BaekHyun တကယ်​ပဲ​သေရ​တော့မှာလား။

"ဝူး... အား..."

ရုတ်​တရတ်​ နာထဲစူးခနဲဝင်​လာသည့်​ ​အော်သံ​​တွေ​ကြောင့်​ BaekHyun လန့်​သွားရသည်​။ BaekHyun နားကို​ယောင်​ပြီပိတ်​ကာ ကြည့်​လိုက်​​တော့ အားလုံးက ပါးစပ်​​တွေလှုပ်​ကာ စကား​တွေကို အလုအယက်​​ပြော​နေကြသည်​။ BaekHyun နားကိုဖွင့်​ကြည့်​​တော့ အဲ့ဒီ့အသံ​တွေကို စကား​​ပြော​နေသလို မကြားရဘဲ ဝူးဝူးဝါးဝါးအသံ​တွေ ပြန်​လည်​ဆူညံလာ​တော့ BaekHyun နားကို ပိတ်​ထားမိလိုက်​သည်​။

အဲ့ဒီ့အချိန်​မှာပဲ BaekHyun ရဲ့ လက်​​မောင်းကိုဖမ်းဆွဲလိုက်​​သော လက်​တစ်​ဖက်​နဲ့အတူ ​ဘေးမှာကြား​နေရ​သော အသံ​တွေအကုန်​​ ​ပျောက်​ဆုံးသွားပါသည်​။

BaekHyun ​နောက်​သို့ယိုင်​​သွားရင်း ကြည့်​မိ​တော့ ​ကောင်​​လေးတစ်​​ယောက်​။ ​ကောင်​​လေးက BaekHyun နှင့်​ ​တော်​​တော်​ကိုတူသည်​။ အဲ့ဒီ့​ကောင်​​​လေးရဲ့ မျက်​ဝန်း​တွေကိုကြည့်​ရင်း BaekHyun စကားမ​ပြောနိုင်​​လောက်​​အောင်​ ဆွံ့အသွားမိသည်​။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Dove le storie prendono vita. Scoprilo ora