2. Wounded
သူ့ကိုစိုက်ကြည့်လျက်မှ ထိုသမန်းဝံပုလွေက ကြောင်,အ ခြင်း အလျင်းမရှိဘဲ သူ့ရင်ဘတ်ကို ကုတ်ချလိုက်သည်။ သူနောက်ကိုအမြန်ရွှေ့လိုက်ရင်း ရှေ့ကကောင်လေးကို ကြည့်လိုက်မိသည်။
"နေပါဦး... မင်းကငါ့ကိုဘာလို့ တိုက်ခိုက်ရတာလဲ..."
သူ့ကိုကုတ်တော့မည့် သမန်းဝံပုလွေပေါက်စလေးလို ကောင်လေးကို သူလက်ကာပြီးမေးတော့ ထိုတစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးသည်။
"မင်း Vampire မဟုတ်ဘူးလား..."
"ဟုတ်တယ်လေ...ငါ..."
သူစကားတောင်မဆုံးလိုက်၊ ရှေ့ကတစ်ယောက်က သူ့ကိုခုန်အုပ်လိုက်သည်။ သူအမြန်ရှောင်ရင်း ဆံပင်ရွှေရောင်နှင့် ကောင်လေးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ဒီပုံစံနဲ့ဆိုရင် ဟို Hunter မီလာတော့မှာ သေချာသည်။ သူဒီမှာ လာနေတာ၊ အဲ့ဒီ့လူဖမ်းတာကို အဖမ်းခံဖို့ဆန္ဒမရှိပါ။
"မင်းနဲ့ငါ ဘာရန်ညှိုးရန်စများရှိလို့ ငါ့ကိုတိုက်ခိုက်ဖို့ လုပ်နေရတာလဲ..."
သူမေးရင်း ရှေ့ကတစ်ယောက်၏ မျက်လုံးကိုစိုက်ကြည့်မိတော့ ရှေ့ကတစ်ယောက်က မျက်လုံးလေးတွေမှေးလိုက်သည်။ ပြီးတော့ ခါးအနည်းငယ်ကိုင်းကာ နှာခေါင်းတရှုံ့ရှုံ့လုပ်နေသည်။
သူရယ်ချင်သွားသည်။ ရှေ့က ဝံပုလွေလုပ်နေသည့်ပုံက ခွေးပေါက်စလေးတွေ အနံ့ခံဖို့ကြိုးစားနေသလိုမျိုး ချစ်စရာကောင်းနေတာကိုး။
နေပါဦး... မင်းက သမန်းဝံပုလွေတစ်ကောင်ကို ကြည့်ပြီး ချစ်စရာကောင်းတယ်လို့ စဉ်းစားနေတာလား...
ရှေ့ကကောင်လေးက ခါးပြန်မတ်သွားသည်။
"ကောင်မလေးကိုသတ်တာ မင်းမဟုတ်ဘူး..."
သူ့ကိုယ်သူရေရွတ်သလိုပြောကာ ကောင်လေးက မျက်မှောင်ကြုတ်သည်။
YOU ARE READING
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...