8. The Night [KT Only]

7.3K 653 14
                                    

8. The Night [KT]

***KT ရယ်​ HH ရယ်​ CB/BY ရယ်​ကို ​ရောမဖတ်​ကြပါနဲ့လို့... ​ရေးတဲ့သူ​တောင်​ ရူးချင်​​နေတာ။***

14+ ဆို​တော့​လေ... ​တစ်​ခါမှလည်းမ​ရေးဖူး​တော့​လေ... ​တစ်မျိုးကြီးဖြစ်​​နေရင်​ ခွစ်​လွှတ်​ကြပါလို့... ဘာမှ​တော့အဲ့ဒီ​လောက်​ကြီးမပါ​ပေမဲ့ ရှက်​ထှာ...

Okay, back to the story.

~*~*~*~*~*~*~*~*~*

ကုတင်​​ဘေးတွင်​ ​ကောင်​​လေး​ရှစ်​​​ယောက်​၏ မှန်​​ဘောင်​ရှိ​နေသည်​။ အလယ်​တွင်​ရပ်​​နေ​သောသူ၏ ညာဘက်​မှာက Kris ဆို​သောတစ်​​ယောက်​။ ဓာတ်​ပုံ၏​ထောင့်​​တွင်​ Moonlight ဆို​သောနာမည်​ကို​ ​ရေးထားသည်​။

"Moonlight..."

Tao နှုတ်​ခမ်းမှတဖွဖွ​ရေရွတ်​ရင်း ကိုင်​ထား​သော ဓာတ်​ပုံမှန်​​ဘောင်​ထဲမှ မျက်​နှာ​တွေကို Tao  စိုက်​ကြည့်​​နေမိသည်​။

အဲ့ဒီ့နာမည်​ကို ဘာလို့ သူရင်းနှီး​နေတာပါလိမ့်​...

Tao ​​ခေါင်းတစ်​ချက်​ဆတ်​ခါလိုက်​သည်​။ သူဒီ​လောက်​မတုံးပါ... မှတ်​မိရမှာ​ပေါ့...

"Moonlight ဆိုတာ ငါသိပါတယ်​... Moonlight ဆိုတာ..."

ရေရွတ်​​နေရင်းမှ Tao အသိဉာဏ်​မှာ ​ရုတ်​တရတ်​ လက်​ခနဲဖြစ်သွားသလို ကိုယ်​ကလည်း ဆတ်​ခနဲဖြစ်​သွားသည။်

Moonlight ဆိုတာ သမန်းဝံပု​လွေအဖွဲ့... အလယ်​တွင်​ရပ်​​နေသူက Kale... ပြီး​တော့သူ့ကိုထားခဲ့​သောသူက Ge... မဟုတ်​​သေးဘူး...

"Yi Fan..." Tao ပါးစပ်​မှသဲ့သဲ့​ရေရွတ်​လိုက်​သည်​။ Tao ရင်​ဘတ်​ကြီးတစ်​ခုလုံး ပူ​လောင်​လာသလို ခံစားလိုက်​ရကာ ​ဒေါသအရှိန်​ဖြင့်​ ​သွေးခုန်​နှုန်း​တွေမြန်​လာခဲ့သည်​။ နားထင်​ထိကို​သွေးတိုး​နေတာကိုလည်း ခံစားမိလိုက်​သည်​။

#Flashbacks,165 years ago, Tao's POV

"ခလွမ်း..."

"မလုပ်​ပါနဲ့... မလုပ်​ကြပါနဲ့..."

အောက်​က ဘွားဘွားရဲ့​အော်​သံနဲ့အတူ ပစ္စည်း​တွေကိုရိုက်​ခွဲသံ​တွေ ဆူညံ​နေတယ်​။ ကျွန်​​တော်​က​တော့ ​လှေကားအကွယ်​​လေးက​နေ အမည်း​ရောင်​ဝတ်​လူတစ်​စုကို ကြည့်​​နေမိတယ်​။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Место, где живут истории. Откройте их для себя