32. Midnight Murderer
လမကွယ်မြို့ဟု လူသိများသော Park Seung မြို့တွင် အိမ်ခေါင်မိုးတို့ပေါ်၌ လမင်း၏ အလင်းဖျော့ဖျော့ကျရောက်နေသည်။ ပုရစ်အော်သံ၊ အိမ်မြှောင်စုတ်ထိုးသံအချို့မှလွဲ၍ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျက်။ ဒါပေမဲ့ အဲ့ဒီ့လို ငြိမ်သက်မှုမျိုးသည် မုန်တိုင်းမကျခင် ငြိမ်သက်မှုမျိုးဟု ဘယ်သူမှသတိထားမိခဲ့ကြပုံမပေါ်။
"ဒေါင်... ဒေါင်... ဒေါင်..."
ညသန်းခေါင်ယံအချိန်ဆိုတာကို နာရီစင်ကြီးမှ ကြေညာလိုက်သောအခါ Park Seung မြို့၏ အနောက်ဘက်ခြမ်းမှ လူရိပ်တစ်ရိပ်ထွက်ကာ အိမ်တစ်အိမ်ထဲဝင်သွားသည်။
ရုန်းရင်းဆန်ခတ်သံအချို့ပဲထွက်လာခဲ့သည်။ ဖန်ခွက်စသည်ကျကွဲသံတို့သာ ကြားရတာမို့ ပတ်ဝန်းကျင်ကလည်းမနိုး။ တကယ်တော့ အဲ့ဒီ့လောက်မိနစ်အနည်းငယ်ထဲ အိမ်လေးထဲမှာရှိသော မိသားစုဝင် ခြောက်ဦးအနက် ကောင်မလေးသုံးဦး၏အသက်များ ခြောက်သောသစ်ရွက်ပမာ ကြွေလွင့်သွားခဲ့ပြီဖြစ်သည်။ ပစ္စည်းသံတို့ကလည်း တစ်ခဏတာပါ။ နောက်ထပ်သုံးမိနစ်တောင်မကြာလိုက်၊ ထိုအိမ်လေးထံမှကြားရသော ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ထွက်ပေါ်လာသံအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီ။ မသိလျှင် လွန်ခဲ့သောမိနစ်အနည်းငယ်က ဘာမှပဲမဖြစ်ခဲ့သလို။
အိမ်လေးထဲမှ လူတစ်ယောက်ထွက်လာသည်။ သူ့မျက်နှာက လရောင်ဖွေးဖွေးတွင် ဖြူဆွတ်လှပလို့။ သူ့မျက်လုံးတွေသာ နီရဲမနေရင်၊ ဒါမှမဟုတ် သူ့နှုတ်ခမ်းထောင့်မှာသာ သွေးစတို့စွန်းပေမနေရင် လူသားအချို့ကို ရက်ရက်စက်စက် ဇီဝိန်ခြွေခဲ့သူလို့ ထင်စရာလုံးဝကိုမရှိ။
လမင်းကိုမျှော်ကြည့်၊ နှုတ်ခမ်းတို့ တစ်ချက်ညွတ်ကာ ပြုံးပြီးနောက်တွင်တော့ ထိုလူက အမှောင်ရိပ်ကိုအားပြုကာ အနောက်ရပ်ကွက်ကို ကျောခိုင်းထွက်ခွာခဲ့လေသည်။
YOU ARE READING
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...