29. Hearts
Suho မျက်နှာသစ်ပြီးတော့ ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်လိုက်သည်။ မျက်မှောင်ကြုတ်ထားမိတာကိုတွေ့တော့ ပြန်ဖြေလိုက်ရသည်။ လေပူတစ်ချက်မှုတ်ထုတ်ပြီး လက်သီးဆုပ်ထားတာကို ဖြေလျှော့ရင်း Suho ရေချိုးခန်းထဲမှ ထွက်လာလိုက်မိ၏။ စိတ်ထဲတွင်တော့ ဘယ်လိုမှနေလို့မကောင်း။ အဖေ့ကိုပဲ မအော်စဖူးပြန်အော်လာမိလို့လားမသိ။ ဒါပေမဲ့ Lay ပြောနေကျ ထိန်းချုပ်ထားရတာများရင် ပေါက်ကွဲတတ်ရတယ်ဆိုလား...
Lay, Lay, Lay, Zhang Yi Xing... အဲ့ဒီ့တစ်ယောက်ကို သူဘာလို့ဒီလောက်စဉ်းစားနေမိတာလဲ။ သူ့ကြောင့်လည်း မလုပ်ဖူးတာတွေ လုပ်နေရပြီ။ စိတ်ဆိုး၊ ဒေါသထွက်ရတယ်ဆိုတာ Suho အတွက်တော့ တော်တော်ကိုပူလောင်ရသည်။ မဲ့ပြုံးပြုံးတာကအစ သူ့ဆီကနေကူးလာမိတာပဲဖြစ်မှာ။
"ဟားဟားဟား..."
အောက်ထပ်ကထွက်ပေါ်လာတဲ့ အဲ့ဒီရယ်သံကြောင့် Suho ရင်ထဲမတည်မငြိမ်ကြီး။ အဲ့ဒါ Lay ရဲ့ရယ်သံ။ အေးပေါ့လေ၊ သူ့ဆီမှာ အရာရာကို ဟာသလုပ်ပစ်နိုင်တဲ့ စွမ်းအင်ရှိနေတာကိုး။
Suho အောက်ထပ်ဆင်းသွားမိတော့ ဆင်းမိသည့်ကိုယ့်ကိုယ်ကို တော်တော်နောင်တရသွားသည်။ Lay က XiuMin ပခုံးပေါ်ကိုခေါင်းမှီလျက် အော်ရယ်နေသည်၊ XiuMin ကတော့ ဘာကိုမှန်းမသိ တတွတ်တွတ်ဆက်ပြောနေသည်။ Lay ကိုသူ အဲ့ဒီ့လောက်ပျော်အောင် မလုပ်ပေးဖူးတာကိုလည်း သတိထားမိသည်။ Suho ကိုကြည့်ပြီး Lay သူ့ဘာသူရယ်နေတာပဲရှိသည်။
ရင်ထဲမှာ မခံချိမခံသာပဲဖြစ်လာလို့ ရွဲ့ချင်မိတာလားမသိပေမဲ့ ဧည့်ခန်းကိုသွား၊ တမင်ကိုခြေချိတ်ထိုင်လိုက်ကာ Chen ကိုကြည့်ပြီး ပြုံးပြလိုက်သည်။ Chen က အူကြောင်ကြောင်မျက်နှာထားဖြင့် သူ့ကိုပြန်ကြည့်နေသည်။
"Chen, စကားပြောရအောင်..."
ခေါင်မိုးထပ်ရောက်တာနှင့် လေပြည်တစ်ချက်ရဲ့ တိုးဝှေ့ကြိုဆိုမှုကို သူတို့ခံစားလိုက်ရသည်။ အဲ့ဒီ့လေပြည်က ခြစ်ခြစ်တောက်ပူနေတဲ့ နေအောက်က သူတို့နှစ်ယောက်ရဲ့ ကျွက်ကျွက်ဆူဗလောင်ခတ်နေတဲ့ နှလုံးသားတွေကို အနည်းငယ်တော့ အေးချမ်းသွားစေသည်။ နေရောက်အောက်မှာ Vampire ဖြစ်သူ Chen ကိုယ်ပေါ်က အနည်းငယ်တောက်လက်စပြုသလို Angel ဖြစ်သူ Suho ရဲ့ မျက်လုံးကလည်း ရွှေရောင်ညို့ကလေးဖြင့် လင်းလက်လာသည်။ ခဏကြာငြိမ်သက်နေပြီးမှ...
ESTÁS LEYENDO
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasía*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...