12. It's Complicated
ChanYeol မျက်လုံးတွေပွင့်လာတာနှင့် နှာခေါင်းထဲကို သင်းရှရှအနံ့တစ်ခုက တိုးဝင်လာသည်။ မွှေးမြသောသွေးနံ့တစ်ခု။ အဲ့ဒါ Baekhyun ဆိုသောတစ်ယောက်၏ ရနံ့။
ChanYeol ထထိုင်ကာ ကြည့်လိုက်တော့ Baekhyun က စာကြည့်စားပွဲပေါ် ခေါင်းမှောက်နေသည်။ ChanYeol မတ်တပ်ထရပ်ကာ သူ့အနားလျှောက်သွားကာ စားပွဲပေါ်လက်ထောက်ပြိီး Baekhyun ကို ငုံ့ကြည့်လိုက်သည်။
Baekhyun က အိပ်နေဆဲ။ အမှုတွဲဖိုင်တွေပေါ်မှာ ဆံပင်ကပိုကရိုနှင့်ကို အိပ်ပျော်နေတာ။ ဘယ်လောက်တောင် အိပ်ပျော်နေလဲဆိုရင် ဟောက်သံသဲ့သဲ့လေးတောင် ကြားရသည်။
"ဒေါက်... ဒေါက်... ဒေါက်..."
အခန်းတံခါးခေါက်သံကြောင့် ChanYeol တံခါးသွားဖွင့်ပေးလိုက်သည်။
"Jong Dae?"
"ဟုတ်တယ်... ဖယ်..."
Jong Dae က ChanYeol ကိုတွန်းဖယ်ကာ အခန်းထဲခြေတစ်လှမ်းချ၍ Baekhyun ရှိရာကိုလှမ်းကြည့်လိုက်သည်။ ပြီးတော့ မယုံသင်္ကာသဏ္ဍာန်နှင့် ChanYeol ကို မော့ကြည့်သည်။ [သူကပုနေတာကိုး]
"မင်း Baekhyun ကို ဘာလုပ်လိုက်သေးလဲ..."
ကောင်းလိုက်တာ။ Trust Issues တွေပါလား။ သူ့မိတ်ဆွေဟောင်းကြီးကို ယုံကြည်တတ်လိုက်တာ။
"မင်းငါ့ကိုအဲ့ဒီ့လောက်တောင် ယုံနေရင်လည်း ဘာလို့ငါ့ကိုသူနဲ့ အခန်းအတူတူနေဖို့ ခွင့်ပေးသေးလဲ..."
ChanYeol မေးရင်း နံရံကိုမှီလိုက်တော့ Chen က ပခုံးတွန့်သည်။
"မပြောတတ်ဘူးလေ..."
"အေးပါကွာ။ ဒါနဲ့... Jong In နဲ့ KyungSoo က ဘာလို့ဒီကိုရောက်နေတာလဲ..."
ChanYeol မေးလိုက်တော့ Jong Dae က အခန်းထဲဝင်ကာ တံခါးပိတ်ရင်း အခန်းထောင့်ဆီကို ChanYeol ကိုဆွဲခေါ်သွားပါသည်။
"Luhan ကိုမင်းသိတယ်မဟုတ်လား..."
JongDae အသံက ခပ်တိုးတိုး။ ChanYeol ခေါင်းညိတ်ပြလိုက်သည်။
KAMU SEDANG MEMBACA
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasi*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...