16. A Chaotic Condition

6.9K 595 25
                                    

16. A Chaotic Condition

Professor Chen ၏ အိမ်​ဧည့်​ခန်းထဲတွင်​ လူဆယ်​​​ယောက်​ခန့်​ရှိ​နေသည်​။ အားလုံးက ကိုယ့်​​နေရာမှာကိုယ်​ ငြိမ်​သက်​စွာ။ ကိုယ်​ခန္ဓာအမူအရာမပါပဲ မျက်​လုံးအချင်းချင်း စကား​ပြော​နေကြသည်​။

Luhan နှင့်​ SeHun က ​ဘေးချင်းကပ်​ရပ်​ထိုင်​​နေကြ​​ပေမဲ့ သုံးလက်​မ​လောက်​စီ ခွာထားကြသည်​။ တစ်​​ယောက်ကိုလည်း တစ်​​ယောက်​မကြည့်​။ ခုနကပဲ ပြဿနာဖြစ်ထားကြတာကိုး။ Luhan ​ဘေးတွင်​​ရှိ​သော ခုံမှာက KyungSoo နှင့်​ Kai. KyungSoo က အနည်းငယ်​ စိတ်​ဓာတ်​​ကျ​​နေ​တဲ့ Kai ရဲ့ ​ကျောကိုပွတ်​​ပေး​နေသည်​။ Kai က Luhan နှင့်​ Sehun ကို​ ​တော်​​တော်​ကိုပဲ လက်​မခံနိုင်​ဘူးဖြစ်​​နေပါသည်​။

အားလုံးထဲမှာ ကျီးကြည့်​​ကြောင်​ကြည့်​ဖြစ်​​နေတာက Baekhyun. သူ့​ဘေးက Chen ကိုကြည့်​လိုက်​၊ ChanYeol ကိုကြည့်​လိုက်​ဖြစ်​​နေသည်​။ သူက ဒီအထဲမှာဘာမှမဆိုင်​ဘဲ ပါလာရ​သောသူ။ Sehun ကိုလည်းသူမသိ။ Luhan ကိုလည်းမသိ။ Kai မျက်နှာကိုလည်း နားမလည်​။ XiuMin ကိုလည်းမကြားဖူး။ Chen နှင့်​ XiuMin ​၏ အတိတ်​ကိုလည်းမသိ။ ဘယ်သူမှလည်း စကားမ​ပြော​တော့ ​တစ်​​ယောက်​တည်း ​နေရထိုင်​ရလည်း ခက်​​နေသည်​။

Baekhyun လိုပဲ ဘာမှမသိသည့်​ Lay က​တော့ သိပ်​ဂဏှာမငြိမ်​။ သူကဒီကို XiuMin နှင့်​ ChanYeol ​ကြောင့်​ပါလာရတာ​လေ။ ​ပြေးဖို့ကျ​တော့ ​ဘေးက ChanYeol ​ကြောင့်​မရ။ Suho က​တော့ ​အေး​ဆေးစွာ ရှိ​နေသည်​။ ​အေး​ဆေးတယ်​ဆိုတာထက်​ ရိုးအ,တာမျိုးလည်း ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့။

ChanYeol ၏နှုတ်​ခမ်းအစုံက ​တည်​ငြိမ်​စွာ ​စေ့ပိတ်​လျက်​ရှိကာ တစ်​ခန်းလုံး၏ အ​ခြေအ​နေကို အကဲခတ်​​နေသည်​။

Chen က​တော့ XiuMin ကို ​ငေး​ငေး​လေးစိုက်​ကြည့်​​နေသည်​။ သက်​ပြင်း​တွေကိုသာ ​မြေမှုန်​အဖြစ်​ မြင်​ရမယ်​ဆိုလျှင်​ အခု​လောက်​ဆိုရင်​ Chen ကိုယ်​နားမှာ ဟိမဝန္တာ​တောင်​တန်းကြီးကို မြင်​​နေရ​လောက်​ပြီ။ XiuMin က​​တော့ Chen ကိုစူးစူးရဲရဲကြည့်​​နေသည်​။ XiuMin မျက်​လုံး​တွေက Chen ကို အရှင်​လတ်​လတ်​ကို ပြာချ​ပစ်​​နေတာ​လေ။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Tempat cerita menjadi hidup. Temukan sekarang