25. Unnamed

6.9K 562 12
                                    

25. Unnamed

Luhan မျက်​လုံး​တွေကိုမှိတ်​လိုက်​မိသည်​။

"ငါဘာဖြစ်​သွားတာလဲဟင်​..."

Luhan ​ဖက်​တွယ်​ရင်း​မေး​တော့ Sehun က Luhan ​ကျောကို သာသာ​လေးပုတ်​ရင်း သက်​ပြင်းချသည်​။

"ကိုယ်​အကုန်​​ပြောပြပါ့မယ်​​နော်​၊ Luhan. အခုစိတ်​ကို​အေး​အေးထား။ ကိုယ့်​​နောက်​လိုက်​ခဲ့..."

Sehun ​ပြောကာ Luhan လက်​ကိုဆွဲပြီး ဧည့်​ခန်းတွင်​ထိုင်​ခိုင်းကာ မီးဖို​ချောင်ထဲ ပြန်​ဝင်​သွားသည်​။ ပြန်​ထွက်​လာ​တော့ လက်​ထဲကခွက်​တစ်​ခွက်​နှင့်​။

"​သောက်​လိုက်​... Choco ​ဖျော်​ထားတာ..."

Sehun ကမ်း​ပေး​သော ခွက်​ကိုယူလိုက်​​သော Luhan လက်​​တွေက အဆမတန်​တုန်​ယင်​​နေသည်​။ အရသာမ​ကောင်းဘူးလို့ သူငြင်းခဲ့ဖူးသမျှ အခု Luhan ဂရုမစိုက်​နိုင်​​တော့။ Luhan က နှုတ်​ခမ်းနှင့်​ခွက်​ကိုထိကပ်​ပြီးမှ အာရုံတစ်​ပါးမှရလိုက်​​သော အသိတစ်​ခုနဲ့ ပြန်​ခွာဖြစ်​သည်​။

"ဒီထဲမှာပါ​နေတာ မင်းရဲ့​သွေး​တွေပဲ..."

အဲ့ဒါအ​မေးမဟုတ်​၍ Sehun ကလည်း ပြန်​မ​ဖြေပါ။

Luhan ခွက်​ထဲမှာပါသမျှ အရည်​တို့ကို​ဖြည်းဖြည်းချင်း ​သောက်​ချရင်း မျက်​ရည်​ကျဖြစ်​သည်​။ သူ့လျှာ​ပေါ်မှ ​သွေးရဲ့အရသာက အမဲလိုက်​ပြီး တိရစ္ဆာန်​​တွေရဲ့အသားကိုစားတိုင်း ရ​နေကျအရသာလိုမဟုတ်​။ အင်​မတန်​ကို ချိုမြလွန်း​နေသည်​။

Luhan ခွက်​ကို စားပွဲ​ပေါ်တင်​ရင်း ဆိုဖာကိုမှီကာ ပင့်​သက်​ရှိုက်လိုက်​သည်​။

"ငါ့ကို​ပြောပြ​တော့​လေ..."

ကွဲအက်​အက်​အသံနှင့်​ Luhan ​ပြောလိုက်​လျှင်​​တော့ Sehun ​ခေါင်းခါလိုက်​သည်​။

"မင်းစိတ်​မငြိမ်​​သေးဘူး..."

Sehun ကို​မော့ကြည့်​လိုက်​​သော Luhan မျက်​ဝန်းတို့က ခရမ်း​ရောင်​မှ အပြာရင့်​​ရောင်​သို့။

"ဘယ်​လိုသိလဲ..."

"မင်းမျက်​လုံး​တွေက စွမ်းအင်​ကို မထိန်းချုပ်​နိုင်​​သေးဘူး။ ခဏခဏ အ​ရောင်​​ပြောင်း​နေတုန်းပဲ..."

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Donde viven las historias. Descúbrelo ahora