13. Conflicts
Sehun ဆူနေသော ရေနွေးခရားကိုချရင်း TV ရှေ့က ဆိုဖာပေါ်ထိုင်နေသည့် Luhan ဘက်လှည့်ကာ...
"မင်း Choco..."
"ဟင့်အင်း၊ ရတယ်၊ မသောက်ဘူး..."
ဘာမှတောင်မပြောရသေး ချက်ချင်းကောက်ကာငင်ကာ ငြင်းလိုက်သော Luhan ဆီမှ မျက်နှာလွှဲရင်း Sehun ပြုံးမိသည်။ ဒီတစ်ယောက်တော့ တစ်ဘဝလုံး Chocolate ဖျော်ရည်ကို မုန်းနေတော့မှာပဲ။
"မနက်စာရော..."
"မဆာဘူး..."
"Okay လေ..."
Sehun လက်ထဲက ကော်ဖီခွက်ကိုကိုင်ရင်း TV ရှေ့ထိုင်ချလိုက်သည်။ Luhan က Remote ကို နေရာအနှံ့လှန်လှောရှာနေရာမှ ဆိုဖာအောက်တွင်တွေ့သွားသည်။
"သတင်းကြည့်မလို့လား..."
Luhan က Sehun ကို ခေါင်းညိတ်ပြပြီးတော့ TVPS ကို ဖွင့်လိုက်သည်။ ဖွင့်လိုက်တာနှင့် တစ်ပြိုင်နက်တည်း Sehun ရင်းနှီးသော သတင်းထောက် ကောင်မလေးတစ်ယောက်၏ မျက်နှာကိုတွေ့လိုက်ရပါသည်။
"အခုဆိုရင်တော့ Park Seung မြို့ရဲ့အခြေအနေဟာ မငြိမ်မသက်ဖြစ်နေပါပြီ။ တစ်မနက်တည်းမှာပဲ Park Seung မြို့မှာ လူသတ်မှုငါးခုဖြစ်ပွားခဲ့ပါတယ်။ နှစ်ခုက မြို့ရဲ့တောင်ပိုင်းမှာဖြစ်ပြီး ကျန်တဲ့သုံးခုကတော့ မြို့ရဲ့မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထူးဆန်းတာကတော့ လူသတ်မှုငါးခုလုံးမှာ တွေ့ရှိရတဲ့ဒဏ်ရာတွေက တူညီနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ဦးတည်းက သတ်နေတာလို့ အရေးပိုင်တွေက ယူဆထားပါတယ်။ Park Seung မြို့မှာဖြစ်ပေါ်နေတဲ့ ဒီလိုထူးဆန်းတဲ့ လူသတ်မှုတွေနောက်ကွယ်က တရားခံကို ဖော်ထုတ်ပေးမဲ့ စုံထောက်ကြီး Baekhyun ဟာ အခုလောလောဆယ်မှာ မြို့ရဲ့အကြီးအကဲတစ်ခုဖြစ်တဲ့ Professor Chen ရဲ့အိမ်မှာ နေထိုင်လျက်ရှိနေပါတယ်။ ဟုတ်ကဲ့ပါ... ကျွန်မကတော့ သတင်းထောက် Yura ပဲဖြစ်ပါတယ်ရှင်..."
KAMU SEDANG MEMBACA
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasi*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...