20. Undefined

7.2K 595 13
                                    

20. Undefined

မနက်​​လင်းစ ​ခြောက်​နာရီခွဲ အချိန်​ဖြစ်​၍ ပတ်​ဝန်းကျင်​တစ်​ခုလုံးက ​နေမင်း၏ ​နေခြည်​​တွေဖြင့်​ လင်းလက်​လာ​ပေမဲ့လို့ ​လေးဖက်​​လေးတန်​ ပိတ်​ထားသည့်​ အခန်းတစ်​ခုထဲမှာ​တော့ ဝါကျင့်​ကျင့်​မီးသီးတစ်​လုံးမှလွဲ၍ ​မှောင်​မည်း​ခြောက်​ကပ်​​နေသည်​။

အခန်းလယ်​တွင်​​တော့ ဝိုင်​ယာကြိုး​တွေဖြင့်​ ရှုပ်​ပွ​နေသည့်​ ကုလားထိုင်တ​စ်​လုံးရှိ​နေသည်​။ ခုံ​ပေါ်မှာ​တော့ ​ခြေလက်​တို့ကို ချုပ်​​နှောင်​ခံထားရ​သော လူတစ်​​ယောက်​။ သူ့ရဲ့​ခေါင်းက ​မြေပြင်​ကိုကြည့်​​နေသလိုမျိုး ​ငိုက်​စိုက်​ကျ​နေသည်​။ အဖြူ​ရောင်​ဖြစ်​ခဲ့ဖူး​သော အင်္ကျီတစ်​ထည်​လုံးက​တော့ အနီ​ရောင်​စွန်း​ပေ​နေကာ ​ရေ​တွေဖြင့်​စိုစွတ်​​နေသည်​။ သူ့ဆံပင်​​​​နီညို​ရောင်​​တွေကလည်း ​ရေ​တွေဖြင့်​ စိုရွှဲလျက်​။

"ဗွမ်း..."

ရုတ်​တရတ်​ ​အေးစက်​နေ​သော ​ရေဖြင့်​အ​လောင်းခံလိုက်​ရ၍ သူ့ဆတ်​ခနဲ မျက်​လုံးဖွင့်​ကာ ​ခေါင်း​မော့လာ၏။ ​ရေအပက်​ခံရ​သောသူကို စိုက်​ကြည့်​လိုက်​​သော သူ့မျက်​ဝန်းတို့က ​အေးစက်​စက်​။ နှုတ်​ခမ်းဆီမှ အပြုံးတစ်​ခုနှင့်​အတူ သူရယ်​လိုက်​မိသည်​။

"မင်းကဘာရယ်​တာလဲ Sehun..."

ရေပက်​လိုက်​​သောသူ၏ ​ဘေးကတစ်​​ယောက်​က ​မေးလိုက်​​တော့ Sehun က ဟက်​ဟက်​ပက်​ပက်​ကို ရယ်​​နေသည်​။ ပြီးမှ...

"မင်းတို့​တွေအားလုံးက အမဲရိုးတစ်​​ချောင်းကို ဝိုင်းလု​နေတဲ့​ခွေး​တွေပဲဆိုတာ နားလည်​သွားလို့ပါကွာ..."

"ခွပ်​"ခနဲ အသံနှင့်​အတူ Sehun ၏ ​ခေါင်းကလည်​ထွက်​သွားသည်​။ ချက်​ချင်းဆိုသလို ဆက်​တိုက်​ကျ​ရောက်​လာ​သော လက်​သီးအချက်​​ပေါင်းများစွာက Sehun ၏ပါးပြင်​ကို ပူထူလာ​စေသည်​။ Sehun က နာကျင်​မှုကို လျစ်​လျူရှုရင်း ထပ်​ရယ်​သည်​။

"မင်း Kim Young Min ဆီက​နေ လျှို့ဝှက်​ဖိုင်​တစ်​ခုကို ယူပြီး​ပြေးလာတယ်​ဆိုတာ ငါတို့သိတယ်​။ အဲ့ဒါကိုဖွက်​ထားတဲ့ ​နေရာ​လေးပဲ​ မင်းကို​ပြောပြခိုင်း​နေတာ... Oh SeHun sshi..."

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Tahanan ng mga kuwento. Tumuklas ngayon