37. The Darkness' Takeover
A/N: :အပိုင်းနည်းနည်းရှည်မယ်နော်။ Data Connection ပိတ်ဖတ်ကြပါလို့။ Wifi သုံးတဲ့သူတွေကို ဘာမှမပြောဘူးနော်။ :)
~••~••~••~
နေမင်းကြီးရဲ့အရောင်တွေ ဖျော့တော့တော့မှိန်တိန်တိန် ဖြစ်လာချိန်...
သစ်တောအုပ်ထဲတွင်ခါတိုင်းလို ငှက်တွေအိပ်တန်းတက်၍ ဆူညံနေတာကိုမကြားရ။
ဘယ်ကြားရပါ့မလဲလေ။ ဝံပုလွေအချို့ရဲ့ စစ်ပွဲကပေါ်ထွက်သည့်အသံတွေက အကုန်လုံးကို လွှမ်းမိုးကျော်လွန်ပြီး ဆူညံနေတာကိုး။
နာရီဝက်အကွာက ဝံပုလွေဆယ့်ငါးကောင်နဲ့ လူသားအသွင်တစ်ယောက်တို့ရဲ့ တိုက်ပွဲက အခုတော့ ဝံပုလွေ ဆယ့်တစ်ကောင်နဲ့ ဝံပုလွေတစ်ကောင်ရဲ့ တိုက်ပွဲဖြစ်လို့နေသည်။ Kris ကဝံပုလွေတစ်ကောင်ရဲ့ အသွင်အပြင်ကို ယူထားရတယ်လေ။
အရင်က Kris ရဲ့ နို့နှစ်ရောင်ဖြူဝင်းသော အသားတို့က အခုလည်း နှင်းပွင့်တွေလို ဆွတ်ဆွတ်ဖြူသော အမွေးတို့နဲ့။ အဖြူရောင်သာမက ငွေရောင်နုနုရောနေသော ဝံပုလွေပေမဲ့ ပျော့ပျောင်းနူးညံ့တယ်လို့ မထင်ရအောင် မျက်လုံးတွေက ပြည်တန်ပတ္တမြားလုံးတွေလို နီရဲတောက်ပနေသည်။ နှစ်နှစ်ရာကာလပတ်လုံး အသက်ရှင်လာရလို့လားမသိ၊ ရန်သူတွေထက် အကောင်ကြီးနေသည်။
Kris ရဲ့ ကိုယ်ပေါ်က အဖြုရောင်သားမွေးအချို့မှာ စေးကပ်ကပ် အနီရောင်သွေးတို့ပေကျံနေတော့ အချို့နေရာတွေမှာ ပန်းနုရောင်ဖြစ်နေသည်။
မြေပေါ်မှာကြံကြံခိုင်ရပ်ရင်း အားလုံးကို ပြန်လည်ခုခံနေသော Kris ရဲ့သွားစွယ်ဖျားမှာ ဝံပုလွေအချို့ရဲ့အသက်တွေ ငြိတွယ်ပါသွားခဲ့ပြီးပြီမို့ ဟိုဘက်ဘယ်သူမှ လက်လွတ်စပယ်ဝင်မတိုက်ရဲကြ။ အဲ့ဒါကြောင့်ပဲ Kris ဒဏ်ရာဒဏ်ချက် သိပ်မများသေးတာ။ ကျောဘက်ဆီမှ အစွယ်ရာတစ်ခု။ ညာဘက်နောက်ခြေမှာ အခဲခံထားရသော ဒဏ်ရာတစ်ခု။ နားရွက်ဖျားမှ သွေးစို့နေသော သွားရာတစ်ခု။ လည်ကုပ်ဆီမှ သွားရာတစ်ခု။ ပြီးတော့ အချို့နေရာတွေမှ သွေးထွက်သည်ဆိုရုံ ဒဏ်ရာဆယ်ခုလောက်ကလွဲရင်တော့ အားလုံးအဆင်ပြေတယ်ပဲ ပြောရမှာပါပဲ။ မသေသေးသရွေ့တော့ အဲ့ဒီ့ဒဏ်ရာတွေက တစ်သက်တာရှိနေမှာမဟုတ်။ အလိုလိုပြန်ကျက်မှာပဲလေ။ အခုတောင် ငါးစက္ကန့်လောက်ကြာရင် သွေးစို့ရုံဒဏ်ရာတွေ ပြန်ကျက်နေတာ။ ကံကောင်းသွားတာက Kris က Alpha ဖြစ်နေတာပါပဲ။ ရိုးရိုးဝံပုလွေမျိုးဆိုရင် ဒီလောက်ဒဏ်ရာအမြန်ကျကနိုင်မှာမှမဟုတ်ဘဲ။
ВЫ ЧИТАЕТЕ
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Фэнтези*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...