6. Familiar
Tao ကို အင်္ကျီလဲပေးနေချိန်တွင် Kris ၏ အသက်ရှူသံတွေ မြန်လာ၍ နှလုံးခုန်နှုန်းတွေကို မနည်းထိန်းချုပ်လိုက်ရသည်။
တရိပ်ရိပ်တက်လာသော စိတ်ခံစားမှုတွေလိုသာ မျက်နှာထားကို ပြောင်းလဲနေရရင်တော့ Kris ရဲ့ ရေခဲတုံးဆိုတဲ့ နာမည်တော့ ပျက်တော့မှာပဲ...
Kris ကုတင်တွင် တင်ပါးလွှဲထိုင်နေရင်း အိပ်ရာပေါ်မှကောင်လေးကို ငေးကြည့်နေမိရင်း စိတ်ထဲမှသက်ပြင်းချလိုက်သည်။ Zi Tao ရဲ့နဖူးပေါ်ခပ်ဝဲဝဲကျနေတဲ့ ဆံပင်တွေကို လက်ညိုးနဲ့အသာလေး သပ်တင်ပေးလိုက်သည်။ ဒီတော့မှ Tao ရဲ့မျက်နှာလေးကို အနှောင့်အယှက်မရှိဘဲ တွေ့လိုက်ရတာလေ...
မျက်နှာပေါ်မှာထင်းနေတာက မျက်မှောင်ကြုတ်ထားတဲ့ မျက်ခုံးလေးတစ်စုံ။ Kris မျက်ခုံးလေးတွေကို ဘေးတစ်ဖက်တစ်ချက် လက်ကလေးနဲ့ဖိဆွဲပေးလိုက်တော့မှ မျက်မှောင်ကြုတ်ထားတာကပြေသွားသည်။
နောက်အကြည့်ရောက်သွားတာက မှိတ်ထားတဲ့ မျက်ဝန်းလေးတွေပေါ်က မျက်တောင်လေးတွေဆီကို... အဲ့ဒီ့မျက်တောင်လေးတွေကို Kris အရမ်းချစ်တာလေ...
နောက်တော့ ဘာဖြစ်လို့လဲမသိဘဲ နည်းနည်းရဲနေတဲ့ပါးပြင်လေး နှစ်ဖက်ဆီကို မျက်လုံးလွှဲဖြစ်သည်။ လက်မလေးနဲ့ ပါးပြင်ကိုခပ်ဖွဖွပွတ်ဆွဲပေးနေရာမှ ရပ်သွားတာက Zi Tao ရဲ့ နှုတ်ခမ်းထောင့်လေးမှာ။
လက်မလေးနဲ့အဲ့ဒီ့နှုတ်ခမ်းထောင့်လေးကို ထိထားရင်း Kris သက်ပြင်းမောမောတစ်ခုကို ချလိုက်သည်။ ဒီကောင်လေးကို သူဘာလို့အဲ့ဒီ့လောက်ကြည့်မဝဘဲ ဖြစ်နေရတာလဲ...
"အာ့..."
ညည်းသံသဲ့သဲ့ကြားတာနှင့် Kris လက်ကိုပြန်ရုတ်ဖြစ်လိုက်သည်။ Zi Tao ရဲ့မျက်ဝန်းလေးတွေ တဖြည်းဖြည်းပွင့်လာပြီးတဲ့နောက်တော့ Kris ရင်ဆိုင်လိုက်ရတာက စူးစမ်းနေတဲ့ မျက်ဝန်းနက်နက်လေးတစ်စုံကို။
VOCÊ ESTÁ LENDO
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasia*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...