36. The Sun Is Setting
"Alpha Kris..."
"Alpha..."
KyungSoo နဲ့ Kai တို့ရဲ့ နှုတ်ခမ်းတွေဆီမှ အံ့သြသလိုစကားသံတွေ ထွက်ကျလာသည်။ Kris ဒီကိုဘာလာလုပ်တာလဲ ဆိုတာကိုလည်း နှစ်ယောက်လုံး သဲလွန်စပျောက်နေမိ၏။ အဲ့ဒါထက် စဉ်းစားရခက်တာကတော့ Tao ဒီလို သတိကင်းလွတ်နေရသည့် အကြောင်းကိုပဲဖြစ်သည်။
Kris ကတော့ ဘာစကားမှမဆိုဘဲ Tao ကို ခါးဆီမှထိန်းကိုင်ပေးထားရာမှ ဒူးအောက်ထဲလက်ထည့်ကာ ပွေ့ချီလိုက်သည်။ Kris ပခုံးပေါ်စောင်းမှီချက်သား သတိလစ်နေသော Tao ကိုပွေ့ချီကာ Kris အိမ်ထဲဝင်လိုက်တော့ Kai ရော KyungSoo ပါ တံခါးဝမှ ဖယ်ပေးလိုက်သည်။ Kris က အိမ်ထဲရောက်တာနှင့် အိမ်ကိုဝေ့ဝဲကြည့်သည်။ ပြီးတော့ လမ်းနည်းနည်းလျှောက်သွားနေရာမှ အခန်းစွန်ရောက်တော့ရပ်ကာ သူ့ကို ငေးကြောင်ကြည့်နေသော ကောင်လေးနှစ်ယောက်ကို ပြန်လှည့်ကြည့်သည်။ Kai ရော KyungSoo ပါ ခေါင်းငုံ့လိုက်ရသည်။ မျက်လုံးချင်းဆိုင်ကြည့်ခွင့် သူတို့မှာမှမရှိတာ။
Kris က ကြမ်းပြင်ကို ငုံ့ကြည့်ကာ ခြေအနည်းငယ်ဆောင့်သည်။ ပြီးတော့ မျက်ခုံးပင့်ပြလိုက်သည်။
"အောက်မှာ မြေအောက်ခန်းမဟုတ်လား။"
Kai ရော KyungSoo ပါ ခေါင်းညိတ်လိုက်တော့ Kris က ခေါင်းဆတ်ပြသည်။ လာဖွင့်ပေးဆိုသည့် သဘောမျိုးမို့ Kai အမြန်ပြေးကာ ကောဇောကို အနည်းငယ်ဟပြီး မြေအောက်ခန်းတံခါးကို ဖွင့်ပေးလိုက်ပါသည်။ ပေါ်လာသော လှေကားအတိုင်း Kris သတိထားဆင်းသွားလိုက်ပြီး အခန်းထဲကို ကြည့်လိုက်တော့ အခန်းထောင့်မှ ကုတင်တစ်လုံးကို တွေ့လိုက်သည်။ ကုတင်နဲ့မျက်နှာချင်းဆိုင်မှာက ဗီရိုအပုလေးတစ်ခု။ အမိုးမှာက မီးမထွန်းထားသော မီးသီးလေးတစ်လုံးက တွဲလောင်းကျနေသည်။ အပြင်မှ အလင်းမဝင်ပေမဲ့လို့ အမှောင်တွေနဲ့ကျင့်သားရနေသော Kris အတွက်တော့ အရာအားလုံးလိုလို ရှင်းလင်းပြတ်သားနေသည်။
ESTÁS LEYENDO
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasía*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...