23. The End Or The Beginning?

6.1K 571 14
                                    

23. The End Or The Beginning?

"အား..."

အော်​သံတစ်​ခုနဲ့အတူ ​ရှေ့ခန်းတွင်​နှစ်​​​ယောက်​၊ ​နောက်​ခန်းတွင်​ လူ​ခြောက်​​ယောက်​ဆန့်​သည့်​ ဇိမ်​ခံကားအနက်​​ရောင်​တစ်​စီးက မြို့အ​နောက်​ပိုင်းထဲ ခပ်​ကြမ်းကြမ်း​ကွေ့ဝင်​လာသည်​။ ကား၏အရှိန်​အရ​တော့ ​မောင်း​နေတဲ့သူက အလျင်​လို​နေသည်​ဆိုတာ သိသာပါသည်​။

Chen က ကားကို​မောင်းလာတာဖြစ်​ကာ ​အော်​လိုက်​သူက​တော့ BaekHyun ဖြစ်​သည်​။ BaekHyun က လူနှင့်​အတူဆုံးသူဆို​တော့ ခံစားရတာ တခြားသူ​တွေထက်​ဆိုးသည်​။ ​လန့်​ရတာလည်း မ​ပြောနဲ့​လေ၊ Chen ကား​မောင်း​တော်​ပုံက ဘာမှမဟုတ်​သည့်​ အ​ကွေ့မှာ​တောင်​မှ ​ဘေးကနံရံနဲ့ဝင်​တိုက်မိလုနီးနီး။

နောက်​​ဆုံး ကားမဝင်​နိုင်​​တော့သည့်​ လမ်း​ဆုံ​လေးတစ်​ခုမှာထိုးရပ်​သွားသည်​။ Chen က ကားကို ဓာတ်​တိုင်​နှင့်​တိုက်​မိခါနီးမှာ ကပ်​ပြီးရပ်​ထားသလား​တောင်​ ​အောက်​​မေ့ရသည်​။

ကားရပ်​ပြီးတာနှင့်​ ​နောက်​ခန်းထဲမှာ တစ်​ချိန်​လုံး ဒဏ်​ခံလာရ​သော ​ခြောက်​​ယောက်အနက်မှာ​​တော့ Baekhyun က ​ပြေးဆင်းလာကာ လမ်း​ဘေးမှာပဲ ထိုးအန်​​လေသည်​။

BaekHyun အန်​​ပြီး​​တော့ ChanYeol က Baekhyun လက်​ထဲကို ​ရေဘူးထည့်​​ပေးသည်​။ BaekHyun ပလုတ်​ကျင်းပစ်​ပြီး​တော့ Chen ကို ကြည့်​ကာ...

"​ငါ​နောက်​ကျရင်​ မင်း​မောင်းတဲ့ကားဆို ဘယ်​​တော့မှမစီးဘူး..."

အားလုံး BaekHyun စကား​ကြောင့်​ ရယ်​မိကြသည်​။ Tao နဲ့ Kris ကလွဲလို့​ပေါ့။ Tao က​တော်​​တော်​ကို ယိုင်​တိယိုင်​နဲ့ဖြစ်​​နေ၍ Kris က တွဲ​ပေးထားရတာ​လေ။

"ဒီလမ်းပဲ..."

XiuMin ရဲ့စကားသံ​ကြောင့်​ သူတို့အားလုံး အချင်းချင်းကြည့်​မ​နေနိုင်​​တော့၊ အလုပ်​ရှုပ်​သွားရသည်​။ အဲ့ဒီ့အချိန်​မှာ သူတို့မသိ​လိုက်​တာက ​အ​ဝေးက​နေ သူတို့ကိုလှမ်းကြည့်​​နေ​သော လူတစ်​ဦး ​ခေါင်​မိုး​ပေါ်က​နေခုန်​ဆင်းပြီး ​ပျောက်ကွယ်​သွားတာပဲ ဖြစ်​သည်​။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Où les histoires vivent. Découvrez maintenant