Special Chapter 3
"Kyung Soo Hyung... ဘာဖြစ်နေတာလဲ..."
Kai မေးရင်း ဆွဲလှည့်လိုက်တော့ KyungSoo ရဲ့ကိုယ်လေးက လည်လာသည်။ KyungSoo ရုန်းပေမဲ့လို့ Kai ကတော့ မလွှတ်ပေးမိ။ အခုတလော KyungSoo စိတ်တွေ ဘာဖြစ်နေတာလဲဆိုတာ သူအရမ်းသိချင်နေသည်လေ။ သူ့ကိုစကားသိပ်မပြောတာတွေ၊ မျက်လုံးလွှဲလွှဲသွားတာတွေ၊ တစ်ခုခုဆိုရင် မျက်ရည်တွေစို့တက်လာတာတွေ၊ မဟုတ်သေးဘူး၊ တစ်ခုခုတော့မှားနေပါသည်။
"မင်းငါ့ကိုလွှတ်မလား၊ ငါမင်းလက်ကို ချိုးပစ်ရမလား..."
Kyung Soo အော်ရင်း ရုန်းပေမဲ့ Kai လုံးဝမလွှတ်ပေးမိပါ။
"ချိုးပစ်လိုက်လေ။ Hyung ဘာဖြစ်နေတာလဲ မသိရသရွေ့တော့ မလွှတ်နိုင်ဘူး။"
Kai ပြောကာ KyungSoo ကို ရှေ့သို့ဆွဲလိုက်တော့ ရင်ခွင်ထဲသို့ ပြိုလဲလာလေသည်။ Kyung Soo အတင်းတွန်းဖယ်နေရင်းကနေ မျက်ရည်တွေကျလာတော့မှ Kai လန့်သွားရသည်။
"Hyung... ဘာဖြစ်လို့လဲ... မငိုနဲ့လေ..."
KyungSoo က မျက်ရည်သုတ်ပေးသော သူ့လက်ကို အားနေသောလက်ဖြင့် ရိုက်ပစ်လိုက်တာမို့ Kai ဒေါသထွက်လာသည်။
"Hyung! Hyung အခုဘာဖြစ်နေတာလဲမပြောရင် ကျွန်တော့်အဆိုးမဆိုနဲ့နော်။"
Kai ပေါက်ကွဲတော့မတတ် ဖြစ်လာပေမဲ့ မျက်ရည်တွေကိုမြင်နေရတာကြောင့် သက်ပြင်းကိုပဲချကာ Kyung Soo ကို လက်လွှတ်လိုက်သည်။ ဒါပေမဲ့ Kyung Soo က ထွက်မသွား။
"Hyung..."
"ငါ့ကိုယ်ငါအရမ်းမုန်းတာပဲ..."
Kyung Soo ကပြောရင်း Kai ရင်ခွင်ထဲအလိုလိုရောက်လာသည်။
"ဟင်... ဘာလို့လဲ"
"ငါ... ငါသာမိန်းကလေးဖြစ်ခဲ့မယ်ဆိုရင်..."
ဗလုံးဗထွေးစကားတွေနှင့် Kyung Soo ရဲ့ရှိုက်သံကြောင့် Kai ဘာဆက်ပြောရမလဲတောင် မသိတော့။
YOU ARE READING
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasy*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...