45. The Beginning Of Eternal

8K 592 65
                                    

45. The Beginning Of Eternal

A/N: :ဒါကဇာတ်​သိမ်းပိုင်းဆို​တော့ ​တော်​​တော်​ကို ရှည်​ပါတယ်​။ ​ရေး​နေကျနှစ်​ပိုင်းစာ​လောက်​​တောင်​ ရှိတာမို့ စိတ်​ရှည်​ရှည်​ဖတ်​​ပေးကြပါ။ ^-^

~*~*~*~*~**~*~*~

^6 years Later^

"၂၀... ၂၁... ၂၂..."

BaekHyun နိုးလာခဲ့ရ​​သော အ​ကြောင်းက ကြား​နေက​သော နံပါတ်​စဉ်​​လေး​တွေနဲ့အတူ BaekHyun ရဲ့မျက်​နှာအနှံ့အပြား​ပေါ် ကျ​ရောက်​လာ​သော နှုတ်​ခမ်း​​တွေ​ကြောင့်​ဖြစ်​သည်​။ BaekHyun ရဲ့ ပါးပြင်​၊ နှုတ်​ခမ်း၊ နှာ​ခေါင်း၊ နဖူး... အပ်​ချစရာ​တောင်​မကျန်​​အောင်​ နမ်းရှိုက်​​နေတာ။ ဘာ​ကြောင့်​လဲမသိ၊ Baek Hyun မျက်​လုံးဖွင့်​​တော့ Chan Yeol က မျက်​ခွံ​တွေ​ပေါ် လာနမ်း​၍ မျက်လုံးပြန်​မှိတ်​ထားလိုက်​ရသည်​။

"Yah! Chan Yeol... မင်း.."

ဘာမှဆက်​မ​ပြောရ​သေး၊ စက္ကန့်​ပိုင်းအတွင်း နှုတ်​ခမ်း​ပေါ်ကျလာတဲ့ အနမ်း​တွေ​ကြောင့်​ Baek Hyun ​ပြောမဲ့စကား​တွေ​အားလုံး ​လေထဲ​အ​ငွေ့ပြန်​​ကုန်​သည်​။

"၃၂... ၃၃..."

BaekHyun တွန်းဖယ်​လိုက်​​ပေမဲ့ BaekHyun ရဲ့ခါးကိုကိုင်​ချုပ်​ကာ ဆက်​နမ်း​နေသည့်​ Chan Yeol. ခက်​ပါတယ်​​လေ...

"မင်းဘာလုပ်​​နေတာလဲ..."

"​တောင်းပန်... ၃၅... ​​နေတာ​လေ... ၃၆"

BaekHyun သတိရသွားသည်​။ ဟုတ်​တာ​ပေါ့... မ​နေ့က သူ Chan Yeol ကို စိတ်​​ကောက်​​နေခဲ့တာ။ ကုတင်​​ပေါ်ကကို ကန်​ချခဲ့​သေးတာပဲ​လေ။

"​တော်​​တော့... ငါက​လေး​တွေကို စာသင်​ရဦးမယ်​"

BaekHyun ​ပြောကာ ထရန်​ပြင်​​ပေမဲ့ Chan Yeol က ခါးကကိုင်​ကာ ကုတင်​​ပေါ်ပြန်​ဆွဲချသည်​။

"မင်း... ၃၈... ခွင့်​မလွှတ်​... ၃၉... ​သေးခင်​အထိ​တော့ မ​​​တော်​ဘူး... ၄၀... ၄၁.. ၄၂..."

"ငါမင်းကို ကုတင်​​ပေါ်ကကန်​ချ... အာ့..."

စကားမဆုံးခင်​ Baek Hyun ရဲု့ဖြူဝင်း​သော လည်​တိုင်​​ပေါ်ကို ကျ​ရောက်​လာတဲ့ ChanYeol နှုတ်​ခမ်း​တွေ။ BaekHyun မတားရ​သေးခင်​မှာပဲ ChanYeol က ခပ်​နက်​နက် နမ်း​နေပြီပါပြီ။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Where stories live. Discover now