27. P.L.A.N
XiuMin နာရီစင်ကြီး၏နောက်၊ စက်သွားတွေနှင့်လွတ်ရာ နေရာလွတ်တစ်နေရာတွင် ခြေတွဲလွဲချထိုင်မိသည်။ ဒီနေရာက တစ်မြို့လုံးကို အပေါ်စီးမှမြင်ရသောနေရာ၊ ဒါပေမဲ့ တစ်မြို့လုံးက XiuMin ကိုတော်ရုံတန်ရုံမမြင်ရ။
XiuMin ရင်ထဲတွင်လှိုက်မောလျက်။ နှလုံးခုန်နှုန်းတွေက တော်တော်မြန်နေသည်။ ခံစားချက်ပေါင်းစုံကြောင့် XiuMin ရင်ထဲတွင် တော်တော်ကို လှိုင်းထန်နေတာပါ။ ဒီခံစားချက်တွေကို XiuMin မထိန်းချုပ်နိုင်တော့ပါ။ ဦးနှောက်နဲ့နှလုံးသားကို ထိန်းချုပ်ဖို့မလွယ်ဘူးဆိုတာကို XiuMin နားလည်သွားပြီလေ။
မျက်လုံးအစုံကို တင်းတင်းမှိတ်ရင်း ရင်ဘတ်ပေါ်ကို လက်တင်မိချိန်တွင် စိတ်ရေယာဉ်က လွန်ခဲ့သော မိနစ်အနည်းငယ်ဆီိကို ပြန်လည်ရောက်ရှိသည်။
#Flashbacks
XiuMin တစ်ယောက် JongDae အိမ်မှာပဲခဏဆက်နေဖို့ ဆုံးဖြတ်လိုက်ရတာက ChanYeol ကြောင့်ရယ်ပါ။ ChanYeol နှင့် XiuMin တို့အရင်ခင်ပြီးမှ XiuMin နဲ့ JongDae တို့ခင်ခဲ့ရတာလေ။ ChanYeol ပြောလွန်းလို့နေမိတာအပြင် တခြားအကြောင်းတွေလည်း မပါတာတော့မဟုတ်၊ ပါသည်။ အဲ့ဒီ့ တခြားအကြောင်းတွေထဲမှာ JongDae ပါမပါတော့ သူမစဉ်းစားချင်ပါ။
ဒီနေ့မနက်မှာ သူနေရောင်ခြည်ခံဖို့ ခေါင်မိုးထပ်ကို တက်လာခဲ့မိသည်။ တိမ်ထူသောနေ့မို့ နေရောင်သိပ်မရှိပေမဲ့ ဒါကသူ့အတွက်လုပ်ထုံးဖြစ်နေပြီလေ။
"Min Seok"
Jong Dae အသံကြောင့် Xiumin လှည့်ကြည့်မိတော့ သူ့ကိုငေးကြည့်နေသော Jong Dae အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရသည်။ XiuMin ခေါင်မိုးထပ်မှာ မတ်တပ်ရပ်နေလျက်က Jong Dae ကို ကြည့်မိသည်။
"ဘာလုပ်မလို့လဲ..."
"မင်းရော... ဘာလုပ်နေတာလဲ..."
Jong Dae ကမေးကာ ရှေ့ကိုခြေလှမ်းတက်လာသည်။ နေရောင်ခြည်နည်းနည်းကြား JongDae ကိုယ်က အနည်းငယ် လက်လက်လှလှတောက်ပနေသည်။ ဒီနှစ်တွေထဲ JongDae အရမ်းချောလာတယ်ဆိုတာတော့ XiuMin မငြင်းနိုင်ပါ။
KAMU SEDANG MEMBACA
Mythical Creatures Also Have Hearts [EXO OT12 Myanmar]
Fantasi*This Book Isn't Written In English* ~*~*~*~*~*~*~*~*~*~ In 2115, 22 century, everything became a mess in Park Seung, a town between a forest and a sea, when unknown dark vampires invaded into the town, killing innocent men. Then 12 people m...