10. IKYAG ;) [ChanBaek, BaekYeol]

7.6K 667 13
                                    

10. I know you're gay ;) [ChanBaek, BaekYeol]

"​ဒေါင်​... ​ဒေါင်​... ​ဒေါင်​..."

မြို့နာရီစင်ရဲ့ ဆယ်​နာရီအချက်​ပြသံထွက်လာ​တော့ ​အေးစက်​​နေ​သောမြို့​၏ တိတ်​ဆိတ်​ခြင်းက ခဏတာ​ပျောက်​ဆုံးသွားသည်​။

အခန်းတစ်​ခန်းထဲက စားပွဲ​ပေါ်မှာ​​တော့ စုံ​ထောက်​ကြီး Byun BaekHyun မျက်​နှာနဲ့ စာအုပ်​နဲ့ အပ်​မိမတတ်​ငိုက်​​နေရာမှ ပြန်​နိုးလာသည်​။ မျက်​လုံးကိုပွတ်​ပြီး ​ဘေးလှည့်​ကြည့်​လိုက်​​တော့ Park Chan Yeol ဆိုတဲ့သူက မအိပ်​​သေးဘဲ BaekHyun ကို ကြည့်​​နေတုန်း...

BaekHyun မျက်​နှာလွှဲလိုက်​သည်​။ သူ့ကိုအာရုံမစိုက်​ဘဲ အလုပ်​ကိုပဲအာရုံစိုက်​မှပဲ...

အမှု​တွေကိုပြန်​​စစ်​​နေရင်းမှာပဲ...

"​တောက်​... ​တောက်​... ​တောက်​..."

ဘေးစားပွဲကမြည်​တဲ့အသံ။ အဲ့ဒီ့​ကောင်​ကြီး စားပွဲကိုလက်​နဲ့​ခေါက်​​နေတယ်​​ပေါ့။ လက်​​တော်​​တော်​ယား​နေရသလား။

Baekhyun အသက်​ပြင်းပြင်းရှူထုတ်​လိုက်​သည်​။ စိတ်​​လျှော့... စိတ်​​လျှော့... Byun BaekHyun... ကိုယ့်အမှုကိုယ်​​ဖြေရှင်းဖို့ပဲ အာရုံစိုက်​။

သုံးစက္ကန့်​မကြာလိုက်​ပါဘူး။ "​တောက်​​... ​တောက်​..." ဆိုတဲ့အသံက အဆက်​မပြတ်​ပဲ ဆူညံလာတယ်​။

"​Dammit..."

BaekHyun အသံတိုးတိုးနဲ့ ကျိန်​ဆိုဆဲရင်း ChanYeol ရှိရာ ညာဘက်​ကိုလှမ်းကြည့်​လိုက်​သည်​။ ChanYeol က ​လက်​​ချောင်းငါး​ချောင်းဖြင့်​ စားပွဲကိုအဆက်​မပြတ်​​ခေါက်​​နေသည်​။ ​ခေါက်​​နေရင်းကလည်း မျက်​နှာထားမချိုမချဉ်​နဲ့ BaekHyun ကို လှမ်းကြည့်​​နေသည်​။

"ငါကြားလိုက်​ပါတယ်​..."

ChanYeol ​ပြော​တော့ Baekhyun စာအုပ်​ကို ပိတ်​ကာ ခုံ​ပေါ်ပစ်​တင်​လိုက်​သည်​။ ကိုက်​စပြုလာ​သော နားထင်​ကိုလည်း လက်​နဲ့ဖိထားမိသည်​။ ​နောက်​ကျ​နေပြီ။ အိပ်​သင့်​​နေပြီ။ သူကဘာကိစ္စ BaekHyun နဲ့အိပ်​ချင်​ရ​တာလဲမသိ။ ဒါ​ပေမဲ့ ​သေချာတာက​တော့ ဒီ​လောရှည်​ကြီး အခန်းထဲမှာရှိသ​ရွေ့​တော့ အိပ်​လို့ရမှာမဟုတ်​။ စာလည်းဖတ်​လို့ရမှာမဟုတ်​။

Mythical Creatures Also Have Hearts [EXO OT12 Myanmar]Tempat cerita menjadi hidup. Temukan sekarang