အပိုင်း (၂) unicode

1.7K 129 0
                                    

သည်လိုနှင့် ညစဥ်တိုင်း ကျွန်တော် Zhan Ge ဆိုင်လေးသို့ အကြောင်းပြချက် မျိုးစုံပြ၍ သွားဖြစ်ခဲ့သည်။ ယခုလည်း Agencyမှ အပြန် ကားပေါ် ည Zhang Ge ဆီသွားဖို့ စဥ်းစားနေခြင်းဖြစ်သည်။

" Yibo... မင်း ညတိုင်းဘယ်ကို သွားသွားနေတာလဲ။ ကောင်လေး ရီးစားများရနေတာလား။"

"ဟာ.. ကောတို့ကလဲ မဟုတ်ပါဘူး.. ဒီအတိုင်း relax လုပ်ရင်း လမ်းလျှောက်တာပါ"

အစ်ကိုတွေက မေးလာသည်မို့ ၀မ်ရိပေါ် အကြောင်းပြချက် ပေးလိုက်သည်။

"ဟမ်..မင်းကလမ်းလျှောက်တယ်။ ဒီလောက်လမ်းလျှောက်ပျင်းတဲ့ သူကလေ"

" အော်.. ဒါက ကျွန်တော် ညဖက် အိပ်မပျော်တာနဲ့ လမ်းလျှောက် ကြည့်ရင်း အကျင့်ဖြစ်သွားတာပါ..ဟီး"

" အေးပါကွာ... ပြီးတာပါပဲ.. အရမ်းတော့ ညဉ့်မနက်စေနဲ့ "

" ဟုတ်.. ကော "

ညစဥ် ၁၀နာရီကျော်ဆို ပျောက်ပျောက်သွားသော ၀မ်ရိပေါ်ကို အတူနေသည့်အစ်ကိုတွေတောင် စကြသည်အထိ။ မှန်သည်။ ကျွန်တော် ကလည်းကျွန်တော်။‌အေဂျင်စီကနေအပြန်နောက်ကျလို့ မသွားဖြစ်သည့် နေ့ဆို ဘာလို လို့ လိုနေမှန်းမသိ ဟာတာတာနှင့် တစ်ခုခုလိုနေသလိုပင် ခံစားရသည်။

ကျန့်ကောနှင့်စကားပြောနေသည့်အချိန်ဆို ကျွန်တော့် ရင်ထဲ ပျော်ရွှင်မိသည်။ တစ်နေကုန် အကကျင့်ရလို့ ပင်ပမ်းထားတာတွေ ကျန့်ကော၏ အပြုံးအောက်မှာ ပြေပျောက်သွားသလို၊ အင်အားလည်း ဖြစ်စေသည်။ တွေးနေရင်း ရုတ်တရက် ပိုင်လင်းကော၏ ထအော်သည့် အသံကြောင့်..။

" ၀ိုးးးးး မင်းတို့ကြည့်စမ်း... အဲ့ ကော်ဖီဆိုင် ပိတ်ရက်ဆို လူအရမ်း များတယ်...တန်းစီတောင်စောင့်ကြတယ်"

" အေးကွ... ဘာလို့များလဲ.. အထူးဒစ်စကောင့်များရှိလို့လား"

ကားက မီးပွိုင့်မိနေသောကြောင့် လှမ်းမြင်နေရသည့် ကော်ဖီ ဆိုင်ကိုကြည့်ရင်း ပြောနေကြသဖြင့် ကျွန်တော်လည်း လှမ်းကြည့်လိုက် မိသည်။"Coffee Lover"ဆိုင်လေး။ ကော်ဖီဆို ကျွန်တော်လည်း စိတ် ၀င်စားသောကြောင့်..။

Won't forget (Complete )Donde viven las historias. Descúbrelo ahora