" ဒုန်း...ခလွမ်း "
စိတ်ထဲမှာအကြိမ်ကြိမ် အရမ်းကိုမျှော်လင့်တောင်းတခဲ့ရသည့် မျက်နှာလေး။ ယခုလိုမထင်မှတ်ပဲ ရုတ်တရက် တွေ့လိုက်ရသောကြောင့် လက်ထဲမှ ကိုင်ထားသည့်ပစ္စည်းတွေ လွတ်ကျကုန်ပြီး၊ ရင်ခုန်သံများ ကမောက်ကမဖြစ်ကုန်၏။
" ရိ.. ပေါ် ဘယ်လို..လုပ်ရောက်..တာလဲ။"
ရှောင်ကျန့်ခုန်လွန်းသော ရင်ကိုတည်ငြိမ်အောင် ထိန်းသည့်တိုင် ထွက်ကျ လာသည့််စကားသံသည် စိတ်လှုပ်ရှားမှုကို ဖုန်းကွယ်၍မရပေ။
"ကျွန်တော် ဒီနားကဖျတ်သွားရင်း ကော်ဖီအရမ်းသောက်ချင်လာလို့။ ကျန့်ကောနဲ့ခုလို ဆုံရတာ ၀မ်းသာလိုက်တာ။ "
၀မ်ရိပေါ် အဖြူရောင်မုသားလေးသုံးကာ မင်းသားပီပီ သရုပ် ဆောင်ပြရ၏။ မျက်လုံးလေးပြူးပြီ အံ့သြနေသော သူ၏ယုန်လေးကို ဖြစ်နိုင်လျှင် ရင်ခွင်ထဲဆွဲသွင်းကာ လွမ်းလိုက်ရတာ ကောရယ်ဟု ပြော လိုက်ချင်တာဖြစ်သည်။ လန့်ပြီးထွက်ပြေးသွားမှာစိုး၏။
" မင်းက ကိုယ့်ကို လန့်အောင်လုပ်တဲ့နေရာမှာ တော်လွန်းတယ် ရိပေါ်။ ထိုင်လေ စောစောစီးစီး ကော်ဖီတွေသောက်နေတုန်းလား "
ရှောင်ကျန့် ဘာမှမဖြစ်သလိုဟန်ဆောင်ဖုန်းကွယ်ဖို့ ကြိုးစား သည့်တိုင် စကားလုံးများသည် သူ၏စိတ်ကိုဖော်ပြနေသည်။ ထိုင်ဖို့ နေရာ ညွှန်ပြလိုက်ပြီးသည်နှင့် တစ်ခုခုစီမံပေးရန် လှည့်ထွက်လိုက်၏။
" ကျန့်ကော..ကျွန်တော့်ရဲ့ ကော၊ ဒီစကားသံလေးတွေနဲ့ကော လုပ်ပေး တဲ့ခေါက်ဆွဲကို အရမ်းလွမ်းတယ်။"
ချွဲပစ်သည်ဟုမဆိုသာသည့်အသံလေးနှင့်အတူ နောက်ကျော မှခါးဆီသို့တင်းကြပ်စွာဖက်လာသည့် လက်တစ်စုံ။ ထို့အပြင် ရှောင်ကျန့် ကျောပြင်ပေါ်၌ မျက်နှာအပ်ထားပြန်သေး၏။
ခက်လိုက်တာ ၀မ်ရိပေါ် မင်း ကိုယ့်ခံနိုင်ရည်အားကို စမ်းသပ် နေတာလားဟု ရှောင်ကျန့် အော်မေးလိုက်ချင်မိသည်။
" ချွဲစိန် ခွေးစုတ်လေး ရိပေါ်၊ ဒီမှာ ခေါက်ဆွဲတော့မရဘူး။ လွှတ်အုံး၊ စားဖို့ တစ်ခုခုလုပ်ပေးမယ်။"
![](https://img.wattpad.com/cover/255689347-288-k312735.jpg)
ESTÁS LEYENDO
Won't forget (Complete )
Fanfic" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...