စင်ပေါ်မှာ ကနေသည့် ၀မ်ရိပေါ် သည် တစ်ကယ့်ကို အကနတ်ဘုရားတစ်ပါးဟု တင်စားလို့ရ၏။ မီးရောင်စုံ အောက်၌ လှုပ်ရှားနေသည့် ၀မ်ရိပေါ်သည် ဆွဲဆောင်မှုရှိလွန်းသည်။ သီချင်းသံဇဥ်အတိုင်း ယိမ်းနွဲ့နေသော ၀မ်ရိပေါ် ၏ ခန္ဓာကိုယ်အနေအထားနှင့် ကကွက်များသည် ရှောင်ကျန့် အကြည့်လွှဲဖို့မပြောနှင့် မျက်တောင်ခတ်ရမှာပင် ၀န်လေးမိ၏။
၀မ်ရိပေါ် နှင့်ရေစက်ဆုံခဲ့ခြင်းသည် ရှောင်ကျန့် သူ့အဖို့ ကံကောင်းခြင်းတစ်မျိုးပင်ဖြစ်သည်။ ရှောင်ကျန့်၏ အတွေးနှင့်အကြည့်များသည် ၀မ်ရိပေါ်ဆီသို့ နစ်မြောလျှက်ရှိသည်။
" ရှောင်ကျန့် .. ပျင်းနေပြီလား ။"
" ကျွန်တော် ရိပေါ်ကတာ စိတ်၀င်စားနေတာပါ။ "
၀ိုင်တစ်ခွက်နှင့် သူ့အနားရောက်လာသည့် မေရန်၏မန်နေဂျာ ရှင်းရှင်းကို ရှောင်ကျန့် ၀တ္တရားကျေပြုံးကာ ပြန်ဖြေလိုက်သည်။ စိတ်ထဲမှလည်း အနှောက်အယှက်၀င်ပြီဟု တွေးလိုက်သည်။
"ဟုတ်တယ် ၀မ်ရိပေါ် က ဘက်စုံတော်တယ်။ဒါကြောင့် ယောင်္ကျား မိန်းမ အကုန် သူ့နား ၀ိုင်း၀ိုင်းလည်နေတာလေ။"
၀မ်ရိပေါ်၏ သီချင်းနှင့်အကမှာ စီးမြောကခုန်နေကျသည့် သူတွေဖက်ကို မေးဆက်ပြကာ ရှင်းရှင်း ပြောလိုက်ခြင်းဖြစ်သည်။ မေရန်တစ်ယောက်တော့ဖြင့် ရှေ့ဆုံးမှ သူမ၏ လှပသောကောက်ကြောင်းကိုပေါ်လွင်အောင် ကပြီး အားပေးနေလေသည်။
" ဟင်းး..ဟင်းးး "
ကိုယ့်ကလေးတော်သည်ဟု ချီးကျူးစကားကြောင့် ရှောင်ကျန့် သဘောကျစွာလက်ခံသည့်အနေဖြင့် ခေါင်းတဆက်ဆက်ငြိမ့်ကာ ရီနေလိုက်သည်။
" ဒါနဲ့ စကားမစပ်.. ရှောင်ကျန့် အရမ်းချောတာသိလား။"
ပွင့်လင်းသည့်ရှင်းရှင်းသည် စကားကိုသွယ်၀ိုင်မနေပဲ တဲ့တိုးပြောလိုက်ခြင်းဖြစ်သည်။ အပိုပြောသည်မဟုတ် ရှောင်ကျန့်သည် အချော၊အလှပေါင်းစပ်ထားသူကဲ့သို့ပင်။
" ဗျာ ! မဟုတ်တာ...အဲ့လောက်မဟုတ်ပါဘူး။ ကျွန်တော်က သာမန်ပါပဲ။ "
YOU ARE READING
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...