အပိုင်း ( ၂၉ )Unicode

1K 77 2
                                        

သည်နေ့လည်း ရှောင်ကျန့် ရုံးဆင်းလျှင်လာကြိုမည်ပြောထားသည့် ရိပေါ်မှ လာမကြိုဖြစ်ကြောင်း ဖုန်းဆက်ထားသောကြောင့် Taxi နှင့်သာ ပြန်ခဲ့လိုက်သည်။ ရိပေါ်က သူတို့နှစ်ယောက်အကြောင်း အားလုံးကိုဖွင့်ချပြီး နောက် ရှောင်ကျန့် ရုံးတက်၊ ရုံးဆင်းကို အကြိုအပို့လုပ်ပေးတက်သည်။ အလုပ်သစ်များ ပြန်လက်မခံ သေးသော ကြောင့် အရင်ထက်စာလျှင် ရိပေါ် အလုပ်ပါးနေခြင်းဖြစ်သည်။ ထိုကြောင့် ရှောင်ကျန့်ကို အချိန်ပိုပေးနိုင် ခြင်းဖြစ်သည်။

ရိပေါ် ရူတင်ရှိသည့်နေ့ဆိုလျှင် ကားနှင့် အပို့အကြိုလုပ်ပေးပြီး၊ ရူတင်မရှိသောနေများဆို သူ့၏ အချစ်တော် ဆိုင်ကယ်ဖြင့်လိုက်ပို့ပေးတက်သည်။ ပထမဆုံး ဆိုင်ကယ်စစီးဖူးသည့်ရှောင်ကျန့်အတွက် အကြောက်လွန်ကာ ရိပေါ် ခါးကိုအသေဖက်ထားမိသောကြောင့် ရုံးရှေ့ရောက်သည့်ချိန် လက်များကပ်နေ၍မနဲဖြုတ်ယူရ၏။ အခုတော့ ကျင့်သားရ သွား၍ အဆင်ပြေသွားပြီဖြစ်သည်။ သူကြောက်တက်မှန်းသိ၍ ရိပေါ် လည်း အရှိန်လျော့ကာမောင်းသည်။

ဆိုင်ကယ် နှင့် ရိပေါ်ဆိုသည်ကလည်း ဘယ်လိုတွေတောင်လိုက်ဖက်နေမှန်းကိုမသိ။ ကြည့်ကောင်းလွန်းသည့် ဆိုင်ကယ်မင်းသားလေးသည် နတ်သားလေးတစ်ပါးကဲ့သို့ ထွန်းလင်းနေ၏။ ဆိုင်ကယ်ဦးထုပ်ကိုပိုက်ကာ ရှောင်ကျန့် ရုံးဆင်းအလာကိုရပ်စောင့်နေချိန်တွင် ရိပေါ်ကို ဓာတ်ပုံလာရိုက်၊ အမှတ်တရလက်မှတ်တွေထိုးခိုင်းသည့် သူများ အများအပြားရှိနေတတ်သည်။

ရိပေါ်၏ အရှိန်အ၀ါသည်ထွန်းတောက်နေဆဲပင်ဖြစ်သည်။ ထိုကြောင့် နောက်ခါ သူမလာမခြင်း ဆိုင်ကယ် ဦးထုပ်ကို မချွတ်ဖို့ မှာထားရသေးသည်။ ရှောင်ကျန့်ရယ် ဂုဏ်ဆာနေလိုက်တာဟု ပြောချင်ပြောပါစေ။ သူ့တစ်ဦးတည်း ပိုင် နတ်သားလေးမို့ မလိုသူများ အန္တရာယ်ပြုလာခြင်းကို ကြိုတင်ကာကွယ်ခြင်းဖြစ်၏။

ရိပေါ်အကြောင်းတွေးရင်းနှင့်ပင် အိမ်ရှေ့ရောက်သည်ကိုပင် သတိမထားမိချေ။ ကားဆရာမှ ရောက်ပြီပြောမှ သတိ၀င်လာကာ ကားပေါ်မှ ဆင်းလိုက်သည်။ ရှောင်ကျန့် အိမ်ထဲရောက်သည်နှင့် ရိပေါ် ပြန်ရောက်ချိန်ထိစောင့်ပြီးမှ ညစာစားမည်ဟု တွေးကာ ရေအရင်ချိုးလိုက်သည်။

Won't forget (Complete )Место, где живут истории. Откройте их для себя