အပိုင်း ( ၁၃) Unicode

1.3K 92 5
                                    

နံနက်ခင်း၏အစသည် ချစ်ရသူ၏ ရင်ခွင်ထဲမှ နိုးထရခြင်းလောက် ဘယ်အရာမျှပြည့်စုံလိမ့်မည်မထင်။ အချိန်မှန်နိုးထတက်သောအကျင့်ကြောင့် ရှောင်ကျန့် နိုးလာခဲ့သည်။ မျက်စိရှေ့မှကြယ်သီးဖြုတ်ထား၍ မြင်ရသည့် ဖြူဖွေးနေသောရင်ခွင်လေးပေါ်သို့ ဖွဖွလေး နမ်းလိုက်၏။

ကြည်လင်၀င်းပပြီးအိပ်ပျော်နေသောမျက်နှာလေး၏နှာခေါင်းလုံလေးကို ညင်သာစွာနမ်းလိုက်ပြီး နီထွေးထွေး နှုတ်ခမ်းဖူးလေးကို အသာလေး နမ်းရှိုက်လိုက်ကာ အိပ်ရာမှထဖို့ကြိုးစားလိုက်သည်။ ခါးအောက်ပိုင်းနာကျင်မှုနှင့်အတူ အိပ်ယာပေါ်သို့ ပြန်လှဲချခံလိုက်ရ၏။

" ကျန့်ကော.. နာနေတာမလား။ ပြန်အိပ်.. မထနဲ့အုံး။ "

၀မ်ရိပေါ် သူ့ကိုခိုးနမ်းကာ အိပ်ယာထဖို့ပြင်နေသည့် လူကြီးလေးကို သူ့လက်မောင်းပေါ်သို့ ဆွဲချကာ ပြန်ထား လိုက်သည်။

" ကိုယ့်ကြောင့်နိုးသွားလား။ ရိပေါ် ကို မနက်စာလုပ်ပေးချင်လို့လေ..။ "

ရှောင်ကျန့် အသာငြိမ်နေလိုက်ရင်းမှ ပြောလိုက်သည်။

" မလုပ်နဲ့။ ကျွန်တော့် ပေါင်ပေါင်းလေးကို ဒီလိုလေးဖက်ထားချင်သေးတယ်။ "

" ချွဲစိန် ခွေးစုတ်လေး..လောင်၀မ် "

" ချစ်လိုက်တာနော်။ ကျန့်ကောကို "

၀မ်ရိပေါ် ရှောင်ကျန့်ပါးပြင်လေးပေါ် နှာခေါင်းမြှပ်သွားသည်အထိ ဖိကပ်နမ်းပစ်လိုက်သည်။

" ရိပေါ် .."

" ဗျာ..."

၀မ်ရိပေါ် မျက်စိမဖွင့်သေးပဲထူးလိုက်သည်။ ချစ်ရသူကိုပွေ့ပိုက်ထားရသည့်အချိန်ထက် သာယာနိုင်သည်မရှိ။

" ဘန်ကောက်မှာ ကားရိုက်ဖို့ရှိတယ်ဆို ။"

တစ်ရေးနိုးအကြံပေါ်ဆိုသလို ရှောင်ကျန့် ကျိလင်ကော အကူအညီတောင်းထားသည်ကို သတိရသွားမိသည်။

"အွန်း.. နောက်လ....သာကောကို ဖျတ်ခိုင်းထားတယ်။ "

" ဘာလို့လဲ ! ဘာအဆင်မပြေတာရှိလို့လဲ။"

Won't forget (Complete )Where stories live. Discover now