အပိုင်း ( ၂၅ ) Unicode

1K 81 2
                                    

၀မ်ရိပေါ် သတင်းစာရှင်းလင်းပွဲပြီးနောက် မေးမြန်းလို့မပြီးနိုင်သည့် သတင်းထောက်များကို ဖျတ်ကျော်ကာ ကားပေါ်ရောက်မှပင် ဟင်း ချနိုင်တော့သည်။ ကျိလင်သာကောက ဖြေသွားတာတွေ အားလုံးကောင်းတယ် ဟုဆိုကာ ပုခုံးကိုညှစ်၍ပြောလာသည်။ ကျွန်တော်လည်း ပြောချင်တာတွေ အမှန်တိုင်းပြောလိုက်ရ၍ ကျေနပ်မိသည်။ ကျန့်ကော ဆီ ဖုန်းဆက်ရန် ပြင်လိုက်စဥ် ဖုန်းမြည်လာသောကြောင့် ၀မ်ရိပေါ် ကိုင်လိုက်၏။

" မေရန်.. ငါ့အဖြေတွေကို နင်ကျေနပ်ရဲ့လား။ "

ဖုန်းဆက်လာသူမှာ မေရန်ဖြစ်သောကြောင့် ၀မ်ရိပေါ် တန်းပြောလိုက်သည်။ သူမလည်း ထိုသတင်းကို စောင့်ကြည့်နေမည်ဆိုတာ သူသိနေ၏။

" ရှောင်ကျန့်က ငါ့ထက် ဘာသာနေလို့လဲ ၀မ်ရိပေါ် .."

သူမဖြစ်ချင်သည့်ပုံစံထက် ဆန်ကျင်နေသောကြောင့် မေရန် မခံမရပ်နိုင်စွာမေးလိုက်သည်။

" သူက ငါ့ဘ၀အတွက် ဘယ်သူနဲ့မှ ယှဥ်စရာမလိုတဲ့သူပဲ မေရန်။ နောက်ပြီး နင်က သူ့ပြိုင်ဖက်ဘယ်တော့မှ ဖြစ်လာ မှာမဟုတ်ဘူး။ "

ရှောင်ကျန့်ကို သူမက ပြိုင်ဖက်တစ်ဦးလိုသဘောထားနေပုံရ‌သောကြောင့် ၀မ်ရိပေါ် အသိပေးလိုက်သည်။ သူမ မှမဟုတ် မည်သူမျှရှောင်ကျန့်၏ ပြိုင်ဖက် ဖြစ်မလာနိုင်သည်ဆို ပိုမှန်၏။

" အဲ့လောက်တောင်လား ၀မ်ရိပေါ် .. နင်အောင်မြင်မှုကို စွန့်ရတဲ့အထိတောင်လေ။"

မေရန်တစ်ကယ်ကို အံ့သြတုန်လှုပ်မိသည်။ ယခုအချိန်ထိ ၀မ်ရိပေါ်ပုံစံသည် တုန်လှုပ်ခြင်းမရှိသော ကြောင့် ဖြစ်သည်။ သူမသာဆိုလျှင် ရူးသွပ်သွားလောက်သည်။

" အင်း .. အဲ့ထက်ပိုမယ့်ကိစ္စ ရှိရင်တောင် ငါတွေဝေနေမှာမဟုတ်ဘူး မေရန်။ "

ရှောင်ကျန့်ကိုစွန့်လွှတ်ရသည်ကလွဲ၍ ကျန်သည့်အရာများအပေါ် ၀မ်ရိပေါ် နောင်တရခြင်းမရှိ စွန့်လွှတ် နိုင်သည်။

" ငါ.... အရှုံးပေးပါတယ်.. ၀မ်ရိပေါ် ။"

နောက်ဆုံးမေရန်လက်လျော့ကာ ပြောလိုက်သည်။ သူမထိုကဲ့သို့သော ချစ်ခြင်းကို မကြုံးဖူးသလို ယုံကြည်ခြင်း လည်း မရှိခဲ့သူဖြစ်သည်။ ယခုသူမ သွေးပျက်လောက်သည်အထိ ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။ သူမတစ်ကယ်ကို ၀မ်ရိပေါ်တို့နှစ်ဦး၏ ချစ်ခြင်းကို အလံဖြူပြကာ အရှုံးပေးလိုက်ခြင်းပင်။

Won't forget (Complete )Where stories live. Discover now