ကျန့်ကောကိုအမြန်ဆုံးရှာတွေ့နိုင်မည့် နည်းလမ်းကို စဉ်းစား ရင်း၀မ်ရိပေါ်အိပ်ပျော်သွားခဲ့သည်။ အိမ်မက်ထဲ၌ ကျန့်ကော ညဖက် အချိန်ပိုင်းလုပ်သည့် ဆိုင်လေးသို့ ရောက်သွားခဲ့သည်။ ဆိုင်ထဲ၌ အလုပ် လုပ်နေသည့် ကျန့်ကောကိုမြင်သည်နှင့် အားရ၀မ်းသာ၀င်သွားချင်သည့် တိုင် ဆိုင်တံခါးသည် ဖွင့်မရခဲ့ချေ။
၀မ်ရိပေါ်တံခါးကိုထု၍ အော်ခေါ်သော်လည်း ကျန့်ကောသည် မကြားသကဲ့သို့ပင်။ ကျန့်ကော.. ကောရေ ကျွန်တော်လာပြီလေ တံခါး လေးဖွင့်ပေးဖို့ တောင်းဆိုနှင့်ပင် ရင်ထဲမှာတစ်အားကို မွန်းကျပ် လာပြီး အားအင်တွေကုန်ခမ်းလာသလိုခံစားရ၏။ ရှိရှိသမျှအားကိုစုစည်းကာ ကျန့်ကောဟု အော်ခေါ်ရင်း အိပ်ယာမှ လန့်နိုးသွားခဲ့သည်။ မနက် ၃နာရီ တိတိ အချိန်တွင်ဖြစ်သည်။
ဆက်အိပ်၍မရသည်မို့ အိမ်မက်အကြောင်းကို ပြန်စဥ်းစားမိ နေသည်။အရင်ကထိုဆိုင်လေးသို့ လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့ဖူးသည်။ ကော်ဖီဆိုင်လေးလည်း မန်နေဂျာအသစ်ပြောင်းသွားသလို လူဟောင်း တွေလည်း မရှိတော့သောကြောင့် လမ်းစတွေပျောက်ခဲ့၏။
အိမ်မက်ဆိုသည်ကို အယူမရှိတတ်သည့်သူသည် ယခုမက် သည့်အိမ်မက်ကို ဘာသာပြန်နေမိသည်။ အိမ်မက်ထဲ၌ ဘာလို့ တံခါးက ဖွင့်မရတာလဲ??? ကျန့်ကောများ သူ့ကို စိတ်ဆိုးနေသည့် အဓိပ္ပာယ် များ လားဟုတွေးတောရင်းနှင်ပင် ခေါင်းထဲလက်ကနဲပေါ်လာသည့် အတွေး တစ်ခုကို ချက်ချင်း အကောင်အထည်ဖော်ပစ်လိုက်သည်။။
၀မ်ရိပေါ် သူ၏ weibo official အကောင့်၌ Post တစ်ခုတင် လိုက်ခြင်းဖြစ်သည်။
" Aug ~ Oct '2015 အတွင်း xxxx လမ်းက 24နာရီဖွင့်တဲ့ မီနီမားကတ်လေးမှာ လုပ်ဖူးတဲ့သူများရှိရင် ကျွန်တော့်ရဲ့ chatbox ကို ကျေးဇူးပြု၍ဆက်သွယ်ပေးနိုင်မလား"
ပြီးသည်နှင့် offline လုပ် ဖုန်းပိတ်ကာ ပြန်အိပ်လိုက်သည်။ သူ့အိမ်မက်ထဲတွင် ကျန့်ကောကို နောက်တစ်ကြိမ် ပေါ်လာစေဖို့ ဆုတောင်းလိုက်၏။
" ဒုန်း.. ဒုန်း ..ဒုန်း... ရိပေါ်.. ရိပေါ်.. ထတော့လေ "
တံခါးထုသံနှင့်အတူ ကျိလင်ကော အသံကိုပါကြားလိုက်ရ သော ကြောင့် ၀မ်ရိပေါ် အိပ်ယာထဖို့ အချိန်တန်ပြီဟု သိလိုက်သည်။
ВЫ ЧИТАЕТЕ
Won't forget (Complete )
Фанфик" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...