၀မ်ရိပေါ် အမြင့်မှခုန်အချ ရုတ်တရက် ကြိုးပြတ်ထွက်သွားကာ ပြုတ်ကျသွားသော်လည်း အောက်မှာခံထား သည့် ရေမြှပ်များကြောင့် ပြင်းထန်းသည့်ဒဏ်ရာမရလိုက်ချေ။ ကြိုးပျက်သွားသည့်အရှိန်ဖြင့် အနည်းငယ်လှိမ့်သွားကာ လက်နှင့်ဒူးမှာအနည်းပင် ပွန်းရှသွားပြီး ခြေထောက်နည်းနည်းနာသွားခြင်းပင်ဖြစ်သည်။
၀မ်ရိပေါ် စိုးရိမ်တကြီး ၀ိုင်းအုံလာသည့် လူများကိုဖယ်ကာ ကျိလင်သာကောကို တွဲ၍ လူအုပ်ကြားမှ ထွက်ခဲ့လိုက်သည်။ လူအုပ်ကြီးနှင့် မလှမ်းမကမ်း၌ ကြက်သေသေနဲ့ ရပ်နေသည့် ကျန့်ကောကို တွေ့လိုက်ရသည်။
" ကျန့်ကော. ကျွန်တော့်ကိုကြည့်..ဘာမှမဖြစ်ဘူးနော် သိလား။ "
နာနေသည့်ခြေထောက်ကိုမေ့ကာ ၀မ်ရိပေါ် ရှောင်ကျန့်ဆီ အပြေးသွားမိသည်။ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ လှုပ်ရမ်းလိုက်ပြီး ပြောလိုက်၏။ သူပြုတ်ကျသည်ကို တွေ့သွားသည့် ရှောင်ကျန့် အရမ်းလန့်သွားခြင်းဖြစ်မည်။
" ရိပေါ်... ဘာ...မှ..မ ဖြစ်ဘူး မလား။"
ရှောင်ကျန့် အိမ်မက်မှ လှုပ်နှိုးခံရသူတစ်ယောက်လို ၀မ်ရိပေါ်ကို တုန်ယင်စွာမေးလိုက်ခြင်းဖြစ်သည်။
" ဟုတ်တယ် ရှောင်ကျန့်။ စိတ်မပူနဲ့ ရိပေါ် ဘာမှမဖြစ်ဘူး။"
မျက်ရည်များ၀ဲနေသည့် ရှောင်ကျန့်ကို ကျိလင်ကျောလေးပုတ်ပြီး နှစ်သိမ့်လိုက်သည်။
နားနေခန်းထဲ၌ သူ့ကို စကားတစ်ခွန်းမျှပင်မဆိုပဲ ပွန်းသွားသော ဒဏ်ရာပေါ်သို့ အရက်ပြန်ဖြင့် သန့်စင်ပေး နေသည့်ရှောင်ကျန့်ကို ၀မ်ရိပေါ် ကြည့်နေမိသည်။ ခေါင်းငုံ့ကာ ဆေးထည့်ပေးနေသည့်ကျန့်ကော၏ လက်များသည် အနည်းငယ်တုန်ယင်နေ၏။
" ကျန့်ကော.. အရမ်းလန့်သွားလား။ စိတ်မပူနဲ့တော့နော်.. ဘာမှမဖြစ်ဘူး။ "
ရှောင်ကျန့်ပုခုံးကိုခပ်ဖွဖွ ကိုင်ကာ ၀မ်ရိပေါ် ပြောသည့်တိုင် နှုတ်ဆိတ်နေပြီး ခေါင်းငြိမ့်၍သာ တုန့်ပြန်လာသည်။
" ကျန့်ကော.. ကျန်တော့်ကို ကြည့်။ "
၀မ်ရိပေါ် ဆေးလိမ်းပေးနေသော ရှောင်ကျန့်လက်ကို ဆုပ်ကိုင်ကာ ရပ်တန့်စေလိုက်သည်။ အကြည့်ချင်း ဆုံသည်နှင့် နီရဲနေသည့် ရှောင်ကျန့်၏ မျက်၀န်းကို မြင်လိုက်ရသောကြောင့် ၀မ်ရိပေါ် သူ့နှလုံးသားကို ဖြစ်ညှစ် ခံရသကဲ့သို့ နာကျင်မိသည်။
YOU ARE READING
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...
