ရှောင်ကျန့် အသက်၃၀ပြည့်ရန် ရက်ပိုင်းသာလိုတော့၏။ မွေးနေ့ကို အမှတ်တရအနေဖြင့် ရိပေါ်နှင့် နှစ်ယောက်တည်း ခရီးလေးတစ်ခုသွားကာ ကုန်ဆုံးချင်မိသည်။ ရိပေါ်က မွေးနေ့လက်ဆောင် ဘာလိုချင်လဲမေးသော် လည်းလိုချင်တာလည်း မယ်မယ်ရရ မရှိသောကြောင့် မင်းနဲ့အတူရှိရင်ရပြီဟု ပြော၍ ပျော်နေသည့်မျက်နှာလေးသည် အဖိုးတန်ပစ္စည်းများထက်ပိုတန်ဖိုးရှိ၏။ မွေးနေ့တိုင်းကိုချစ်ရသည့်ကလေးငယ်နှင့်သာ အိုမင်းသည်အထိအတူ ဖြတ်သန်းသွားချင်မိသည့် တစ်ခုတည်းသောဆန္ဒသည် ရှောင်ကျန့်၏ မွေးနေ့ဆုတောင်းတစ်ခုဖြစ်လာလိမ့်မည်။
ရုံးမှာ နေ့လည်ထမင်းစားနားချိန်ဖြစ်၍ ရှောင်ကျန့် အင်တာနက်မှ ခရီးစဥ်အတွက် စိတ်၀င်စားစရာကောင်း မည့်နေရာလေးများကို ရှာလိုက်သည်။ ရိပေါ်လည်း သည်တလော နယ်ဖက်ရိုက်ကူးရေးဖြင့် အလုပ်များပုံရ၏။ ရက်တိုခရီးစဥ်လေးရှာပြီး ရိပေါ် နှင့် ရက်အဆင်ပြေမပြေ ပြန်ညှိဖို့ ရှောင်ကျန့်စဥ်းစားလိုက်သည်။
" ရိပေါ်.. စားပြီးပြီလား.. အလုပ်များနေလား။ "
နေ့လည်စာစားချိန်မို့ ရှောင်ကျန့် ရိပေါ်ဆီသို့ ထုံးစံအတိုင်း စာပို့ကာမေးလိုက်သည်။
" ပြီးပြီ.. ကျန့်ကောနဲ့အတူမစားရလို့ စားမကောင်းဘူး။"
"ချွဲစိန်လေး.. ကိုယ့်ထည့်ပေးလိုက်တဲ့ မုန့်တွေစားဖို့ မမေ့နဲ့..။ "
"ဟုတ် ကော.. အရမ်းချစ်တယ်။ "
"အင်း..ကိုယ်လဲချစ်တယ်..။"
ဤသည်မှာ သူတို့နှစ်ဦး၏ နေ့လည်စာစားချိန်တိုင်း ပြောတတ်သည့်စကားများဖြစ်သော်လည်း ရိုးအီသွားခြင်း မရှိပေ။
...................
အချိန်သည်ပုံမှန်လည်ပတ်နေ၏။ ရုံးဆင်းချိန်ရောက်၍ ရှောင်ကျန့် အိမ်ပြန်ရင်ကောင်းမလား၊ ဆိုင်သွားရင် ကောင်းမလား စဥ်းစားနေစဥ် ထမြည်လာသောဖုန်းကို အရင်ဆုံးကိုင်လိုက်သည်။
" ဖေးဖေး.. ညီမလေးပြော.. "
ရှောင်ကျန့် ၏ညီမအငယ်ဆုံးလေး ဖုန်းဆက်လာခြင်းဖြစ်သည်။
VOUS LISEZ
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...