အပိုင်း ( ၁၀) - Unicode

1.5K 109 2
                                        

"ရိပေါ် ... ရှာလို့တွေ့လား.. ပြီးရင် ကိုယ်ရှာပေးမယ် "

ကျန့်ကော ဆီမှ လှမ်းပြောသံကြားမှ ၀မ်ရိပေါ်သတိ၀င်ကာ ကျန့်ကောရှိရာသို့လျှောက်လာလိုက်သည်။ နောက်ကျောကနေအသာ သိုင်းဖက်၍ လည်ပင်းသားပေါ်သို့ နှာခေါင်းမြုပ်မတက် တစ်ရှိုက်မက် မက် နမ်းရှိုက်မိ၏။

" ရိ..ပေါ်.."

ရှောင်းကျန့် သူ့ခါးကို တင်းကြပ်စွာဖက်တွယ်ထားသည့် ၀မ်ရိပေါ် ၏လက်ပေါ်မှအုပ်ကိုင်ပြီး ပြန်ဖက်တွယ်ထားမိသည်။ ရိပေါ် ၏အနမ်းတွေသည်လည်တိုင်မှတစ်ဆင့် မတင်းတိမ် နိုင်စွာဖြင့် ပြင်းထန်လာ၏။

ထိုနောက် မျက်နှာချင်းဆိုင်အနေအထားသို့ ဆွဲလှည့်လိုက်၍ ရင်ချင်အပ်သွားကာ အကြည့်ချင်းဆုံစေသည်။

ကျန့်ကောဟုခေါ်သည့် ရိပေါ်၏ သြရှရှအသံလေးနှင့်အတူ ရီဝေနေသည့်မျက်၀န်းတွေသည့် တစ်စုံတစ်ခုကိုတောင်းဆိုနေဟန်ပင်။ ရှောင်ကျန့် မျက်လွှာချ ခွင့်ပြုလိုက်သည်နှင့် တောင့်တဖူးသည့် နီထွေး ထွေး နှုတ်ခမ်းလေးသည် သူ့နှုတ်ခမ်းပေါ်သို့ ကျရောက်လာ၏။

နူးညံ့သောအထိအတွေ့သည် ခန္ဓာကိုယ်ထဲမှ သွေးတွေ ပြောင်း ပြန်စီးဆင်းသွားသလို၊ သို့မဟုတ် သောက်ပြီးရင်း သောက်ချင်သည့် နှစ်ချို့၀ိုင်ကဲ့သိုပင်။ သေချာသည်က ရှောင်ကျန့် သည်အနမ်းတွေ မရပ် တန့်ချင်လောက်အောင် ရစ်မူးနေပြီဖြစ်သည်။

.............

၀မ်ရိပေါ် အမြဲခိုးနမ်းခဲ့ရသည့် ‌ရှောင်ကျန့်၏ ပုခုံးလေးထက် စိတ်ထဲမှ အကြိမ်ကြိမ်ပြစ်မှားဖူးသည့် နှုတ်ခမ်းလေးကို သိမ်းပိုက်ခွင့် ရခဲ့ပြီဖြစ်သည်။ စားရသည့်က‌လေး ငတ်သည် ဆိုသည့်စကား ၀မ်ရိပေါ် သူ့ကို ပြောတာဟုထင်မိ၏။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျန့်၏ နှုတ်ခမ်းပါးလေးသည် စားပြီးရင်း စားချင်စရာကောင်းအောင် ဆွဲဆောင် နိုင်လွန်းသည်။

၀မ်ရိပေါ် ရင်ဘတ်သို့ လက်သီးဆုပ်လေးခပ်ဖွဖွကျရောက် လာမှ သတိ၀င်ကာရပ်တန့်လိုက်သည်။ ၀မ်ရိပေါ် ၏ လူကြီးလေးသည် ကုန်းပေါ်ရောက်နေသည့် ငါးတစ်ကောင်ကဲ့သို အသက်ရူနေလေ၏။

Won't forget (Complete )Donde viven las historias. Descúbrelo ahora