ရက်တစ်ရက်ပြီး တစ်ရက်ကုန်ဆုံးသွားသည်နှင့်အမျှ ကျွန်တော်နှင့် ရိပေါ်တစ်ယောက်ကိုတစ်ယောက် ပိုပြီးတွယ်တာလာ မိသည်။ သူ့ကိုဆို ကျန့်ကော.. ကျန့်ကော ဆိုပြီး ချွဲတက်သလို၊ ညဖက် ဆိုင်လူကျချိန် သူ့ကို ဂရုမစိုက်မိလျှင် နှုတ်ခမ်းထော်ပြီး စိတ်ကောက်ပြ သေး၏။
ထိုကဲ့သိုကောင်လေးသည် ၄ ရက်ဆက်တိုက် ပျောက်နေလေ သည်။ ကလေးလေး စိတ်ကောက်သွားသည်လား၊ သို့မဟုတ် နေများ မကောင်းလို့လား ဆိုသည့်စိတ်ဖြင့် အချိန်ကျလာလျှင် ရှောင်ကျန့် မျှော်ရ သည်မှာလည်တဆန့်ဆန့်၊ အလုပ်လုပ် ရသည်မှာလည်း အယောင် ယောင်နှင့်အမှားမှား။ ရှောင်ကျန့် တစ်ယောက်တည်း ကိုယ့်အတွေးနှင့် ကိုယ် ရန်ဖြစ်နေခြင်းဖြစ်သည်။
တော်ပြီကွာ။သံယောဇဉ်ထားရသည်မှာမကောင်း။ လူကိုအင်မ တန်မှ ကသိကအောင့်ဖြစ်စေသည်။ ယခင်လို အလုပ်ပြီးအလုပ် စားတဲ့ ချိန်စား၊အိပ်ချိန်အိပ်လိုက်။ ပုံစံမှန်လည်ပတ်နေသည်က အကောင်းပင်။
ကြိုးလေးတစ်ချောင်း ငြိတွယ်ပြီးသည့်နောက် ကွယ်၌ အမည် တပ်မရသည့်ပူလောင်ခြင်းက လူကိုကမောက်ကမဖြစ်စေ၏။ ပုံစံမှန်ပြန် ဖြစ်ဖို့စိတ်ကို ဒုံးဒုံးချ၊ စာရင်းစာအုပ်ဆွဲယူပြီး ထပ်ဖြည့်ရမည့် ပစ္စည်း စာရင်းတွေအပေါ် အာရုံစိုက်ကာ စစ်နေလိုက်သည်။
ခေါက်ဆွဲခြောက် ကောင်တာနားရောက်သည်နှင့် ဒီခေါက်ဆွဲ ရိပေါ် သိပ်ကြိုက်တာဟု မနေနိုင်သည့်စိတ်ဖြင့် တွေးမိပြန်၏။ ဟူး သက်ပြင်းအခါခါချ၊ ခေါင်းကို ရမ်းပြီး မတွေးဘူးကွာ ၀မ်ရိပေါ်ဆိုတဲ့ ခွေးစုတ်လေးအကြောင်း လုံး၀ မတွေးနဲ့ ဟု ကိုယ့်ကိုကိုယ် အမိန့်ပေးပြီး စတိုခန်းထဲ ပစ္စည်းသွားထုတ်ဖို့ ၀င်ခဲ့လိုက်သည်။
" ကျန့်ကော..ရေကယ်ပါအုံး။ ကျန့်ကော.. ကျွန်တော့်ရဲ့ ကော ဘယ်ရောက်နေတာလဲလို့"
စတိုခန်းထဲပစ္စည်းတွေထုတ်နေစဥ်ရိပေါ်၏ ချွဲပစ်ပစ် အသံ လေးကိုကြားလိုက်ရသည်နှင့် လက်ထဲမှပစ္စည်းတွေ ၀ုန်းကနဲ ပစ်ချပြီး ထွက်လာမိ၏။
" ရိပေါ် ..ခလေးလေး ဘာ ...ဘာဖြစ်လာလို့လဲ...ဘယ်နား နေလို့ မကောင်း လို့လဲ.. ကော ကိုပြော"
![](https://img.wattpad.com/cover/255689347-288-k312735.jpg)
YOU ARE READING
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...