ဝမ်ရိပေါ် ခုရိုက်သည့်ကားက အက်ရှင်ခန်းများ၍ နည်းနည်းပိုပင်ပမ်းသည်။ Hotel အခန်းထဲရောက်သည်နှင့် ဆိုဖာပေါ်လှဲချပြစ်လိုက်၏။
"ကျန့်ကော... "
ရိပေါ် ခေါ်သံကြောင့် လှည့်ကြည့်ကာ ဘာလဲဟုဆိုကာ ရှောင်ကျန့်မျက်ခုံးပင့်ပြလိုက်သည်။ သူ့ကို ခုံပေါ်ကို လာထိုင်စေလိုသည့်သဘောနှင့် ဆိုမာပေါ် လက်နှင့် ပုတ်ပြ၏။ ရှောင်ကျန့် သွားထိုင်လိုက်သည်နှင့် ပေါင်ပေါ် ခေါင်းတင်ကာ မျက်နှာကို ရှောင်ကျန့် ဗိုက်ကိုအပ်ထားပြီး ဖက်ထားလေသည်။ ၀မ်ရိပေါ်၏ ဆံပင်လေးတွေကို ရှောင်ကျန့်လက်ဖြင့် အသာဆော့ကစားနေလိုက်သည်။
" ရိပေါ်.. "
မျက်လုံးတွေပိတ်ထားသည့်ရိပေါ်ကို ရှောင်ကျန့် ခပ်တိုးတိုးခေါ်လိုက်သည်။
"အွန်းး "
" ပင်ပမ်းနေပြီလား.. ရေချိုးပြီး နားလိုက်လေ။"
ပင်ပမ်းနေပုံရ၍ ရှောင်ကျန့်ပြောလိုက်ခြင်းဖြစ်သည်။
" အားးး ကျန့်ကောရဲ့ ကိုယ်သင်းနံ့လေးက ကျွန်တော့အားဆေး။ "
ဝမ်ရိပေါ် ရှောင်ကျန့်၏အင်္ကျီကို ဆွဲလှန်လိုက်ကာ ဗိုက်သားချပ်ချပ်ပေါ်သို့ မျက်နှာနှင့်ပတ်သပ် နမ်းရှိုက်ပစ်လိုက်သည်။
" ခိခိ..ရိ..ပေါ်.. ယားတယ်.. မလုပ်နဲ့။ "
" အွန်းးး ချစ်လိုက်တာ ကျွန်တော့် ပေါင်ပေါင်းလေး ။"
ဝမ်ရိပေါ် ထထိုင်လိုက်ကာ ယား၍တစ်ကိုယ်လုံးတွန့်လိမ်နေသည့် ရှောင်ကျန့် ပါးနှစ်ဖက်ကို ကလေးတွေကို နမ်းသကဲ့သို့ တစ်ရွှတ်ရွှတ်မြည်အောင် နမ်းပစ်လိုက်၏။
" ကိုယ်လဲ ချစ်တယ် လောင်ဝမ် "
ရှောင်ကျန့်လည်း ၀မ်ရိပေါ် ၏ ပါးဖောင်းဖောင်းလေးကို ညှပ်ကိုင်လိုက်ကာ နှုတ်ခမ်းထူအိအိလေးကို နမ်းရှိုက်လိုက်သည်။ တုန့်ပြန်လာသော ရိပေါ်၏ အနမ်းများသည် မရပ်တန့်ချင်လောက်အောင် ကောင်းလွန်း၏။ ဘယ်လောက်နမ်းနမ်း မ၀နိုင်သလို၊ သောက်မိတိုင်း ယစ်မူးတတ်သော နှစ်ချို့ဝိုင်ကဲ့သိုပင် ၀မ်ရိပေါ်၏ အနမ်းများသည် စွဲမက်စရာကောင်းပြီး ပြင်းရှလွန်းသည်။
![](https://img.wattpad.com/cover/255689347-288-k312735.jpg)
VOCÊ ESTÁ LENDO
Won't forget (Complete )
Fanfic" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...