အပိုင်း ( ၂ရ ) Unicode

1K 76 0
                                    

ရှောင်ကျန့် တဖြည်းဖြည်း အားအင်များဆုတ်ယုတ်လာသလို ခံစားရသည်။ ထောက်ထားသည်မှာ အချိန် ကြာမြင့်နေပြီဖြစ်သည့် ခြေထောက်များသည်လည်း ထုံကျင်နေ၏။ ၀မ်ရိပေါ် မျက်နှာလေးကို မြင်ယောင်ကာ အားတင်း၍ ကြံ့ကြံ့ခံထားလိုက်သည်။ တစ်နေ့လုံးနှင့်တစ်ညလုံး ရေတစ်စက်ပင် မ၀င်ထားသည့်ခန္ဓာကိုယ်သည် မူး‌ဝေနေပြီး လည်ပင်နာသည်အထိ ခြောက်ကပ်နေသည်။

မကြာခင် နောက်တစ်မိုးသောက်ရန်ရောင်နီပင် သန်းစပြုနေပြီဖြစ်သည်။ တံခါးဖွင့်ကြားနှင့်အတူ ရှောင်ကျန့် အမြင်များဝေ၀ါးကာ လောကကြီးနှင့်အဆက်သွယ် ပြတ်သွားတော့၏။

"ကျန့်ကော.. ကျန့်ကော..သတိရပြီလား။"

အိပ်ယာပေါ်မှ လူကြီးလေး၏ မျက်တောင်လေးများ လှုပ်ရှားသွားသောကြောင့် ၀မ်ရိပေါ် အသာမေးလိုက်၏။ ပြောရမည်ဆိုလျှင် သူရောက်သည့်အချိန်မှစ၍ ကျန့်ကောလက်ကလေးကိုကိုင်ကာ မျက်နှာလေးကို ထိုင်ကြည့် နေမိခြင်းပင်။ ခြောက်သွေ့အက် ကွဲနေသည့် နှုတ်ခမ်းပါးလေသည် ရေဓာတ်ချို့တဲ့ခြင်းကို ဖော်ပြနေသည်။

"ရိပေါ် ..."

ရှောင်ကျန့် အိမ်မက်ထဲ ရိပေါ်ကို သွားရှာမိသည်ထင်၏။ သူ ရိပေါ်၏ အသံကိုကြားလိုက်ရသည်။ ထို့အတူ နွေးထွေးသည့်အထိအတွေ့ကိုပါ ခံစားရသောကြောင့် မျက်လုံးကိုအားယူကာ ဖွင့်ကြည့်လိုက်သည်။ ဝေဝေ၀ါး၀ါး မြင်ကွင်းမှသည် ကြည်လင်စွာမြင်လိုက်သည့် မျက်နှာလေးကြောင့် ရှောင်ကျန့် အံ့သြကာသွားကာ ခေါ်လိုက်မိသည်။

ထိုနောက်သူ အိပ်ယာပေါ်သို့ ရောက်ရှိနေခြင်းကို သတိထားမိလိုက်သည်။ သူ့အနား ပတ်၀န်းကျင်၌ သူ့ကိုကြည့် နေကြသည့် ၀မ်ပါး၊ ၀မ်မားနဲ့ နိုင်နိုင်း။

"ကျန့်ကော.. သတိရပြီလား။ စိတ်ပူလိုက်ရတာ ‌ကောသာ တခုခုဖြစ်ရင် ကျွန်တော် ရူးပြီ။ "

၀မ်ရိပေါ် ကျန့်ကောလက်ဖ၀ါးကို သူ့ပါးပြင်နှင့်အပ်ကာ ပြောလိုက်သည်။

" ဟေ့ကောင် ၀မ်ရိပေါ် အဖြစ်သည်းပြမနေစမ်းနဲံ။ အသက်နဲ့အ‌ဝေးကြီး..။"

Won't forget (Complete )Donde viven las historias. Descúbrelo ahora