အပိုင်း ( ၂၁ )Unicode

1.1K 88 5
                                        

အဆိပ်ကိုအဆိပ်နှင့်သာဖြေရသည်ဆိုသောစကားအတိုင်း ကျိလင် အဆိပ်ခတ်လာသည့်မေရန်ကို သူ့အဆိပ်နှင့် သူ့ကို တန်ပြန်အောင် လုပ်လိုက်ခြင်းပင်ဖြစ်တယ်။ ထိုသို့လုပ်ခြင်းအားဖြင့် မေရန်၏ ရည်ရွယ်ချက်လည်း မအောင်မြင် နိုင်သလို ကူညီ‌ပေးသည့် ရှင်းရှင်းလည်း အန္တရာယ်ကင်းစေရန်ဖြစ်သည်။ ထိုကိစ္စကိုလောလောဆည် ကျိလင်နှင့် ရှင်းရှင်း နှစ်ဦးတည်းသာသိထား၏။

ကျိလင်တန်ပြန်လိုက်သောအဆိပ်သည် မေရန်မှ ၀မ်ရိပေါ်ကိုအိပ်ဆေးခတ်သလို၊ မေရန်ကိုပါ အိပ်ဆေးခတ် လိုက်ခြင်းပင်။ မတူသည်က ၀မ်ရိပေါ်ဆေးမိသွားကာ အိပ်ပျော်သွားသည့်အချိန် မေရန် သည်သူမအကြံအစည်အတိုင်း ဓာတ်ပုံတွေရိုက်နေစဥ် မေရန်သောက်မည့်ခွက်ထဲကိုပါ ဆေးခတ်လိုက်ခြင်းဖြစ်သည်။

အောင်မြင်သည့် အထိမ်းအမှတ်အနေဖြင့် မေရန်သည်တစ်ခွက်လောက်သောက်ကိုသောက်မည်ဖြစ်သသည်။ အပျော်လွန်ပြီး သောက်တာမှ တစ်ကျိုက်တည်းကိုမော့ပစ်လိုက်ခြင်းပင်။ ထူးခြားသည့်နောက်တစ်ခုသည် မေရန်လို မျိုး ဓာတ်ပုံများကို ၀မ်ရိပေါ် တစ်ယောက်တည်းအတွက် သိမ်းထားရန်မဟုတ်။ တစ်နိုင်ငံလုံးသိအောင် ချပြလိုက်ခြင်း ဖြစ်သည်။ အချိန်တန်လျှင် ထိုပုံများသည် သီချင်းတစ်ပုဒ်၏ ဇာတ်၀န်ခန်း ဖြစ်သွားလိမ့်မည်။

...........................

ရှောင်ကျန့် ရုံးဆင်းခါနီး massage ၀င်သံကြောင့် ကြည့်လိုက်မိသည်။ တစ်ဖက်မှ စာပို့လာသူသည် ရှင်းရှင်းဖြစ်နေ၏။

" ရှောင်ကျန့်.. အလုပ်များနေလား။ "

" ရတယ် ရှင်းရှင်း ပြောလို့ရပါတယ်။"

တစ်ခုခုကိုပြောချင်သည့်ပုံကြောင့် ရှောင်ကျန့်အလိုက်သင့်ပြန်ဖြေလိုက်၏။

"ရှင်းရှင်းကို မေးချင်တာများ မရှိဘူးလား။"

၀မ်ရိပေါ်နှင့်ပတ်သက်သည့် သတင်းများကို ရှောင်ကျန့်သိပြီးလောက်ပြီဟု ရှင်းရှင်းထင်မိသည်။ သို့ပေမယ့်.. ရှောင်ကျန့်ဖက်မှ အရမ်းငြိမ်လွန်းသောကြောင့် မနေနိုင်စွာမေးလိုက်ခြင်းဖြစ်သည်။

Won't forget (Complete )Место, где живут истории. Откройте их для себя