ယနေ့အဖို့ ရှောင်ကျန့် ရုံး၌အလုပ် နည်းနည်းများနေသည်ဟုပြောရမည်။ အကြောင်းမှာ ဌါနမှတာ၀န်တစ်ခုကို အတူတွဲလုပ်သော တွဲဖက် တစ်ယောက် သူ့အိမ် နာရေးဖြစ်၍ခွင့်ရက်ရှည်ယူသွားသည်။ နှစ်ယောက်စာတာ၀န်ယူထား ရ၍ အလုပ်ပိုများသွားခြင်းဖြစ်သည်။ ရှောင်ကျန့်တို့တာ၀န်ယူထားရသည့်ပရောဂျက် အပ်ရမည့်ရက်လည်း လွန်စွာမှ နီးကပ်နေသောကြောင့် ဒီတစ်ပတ် ပိတ်ရက် ရိပေါ်ဆီသို့ သွားနိုင်လိမ့်မည်မထင်။ စိတ်ကောက်နေမည်ကောင်လေး မျက်နှာကို မြင်ယောင်မိကာ အစွမ်းကုန်ချော့ဖို့ကိုလည်း အားမွေးထားရမည်ဖြစ်သည်။
မနက်အိမ်မှထွက်စဥ် ထုံးစံအတိုင်းရိပေါ်ဆီ စာပို့ထားပြီး အလုပ်များနေ၍ ယခုချိန်ထိ ဖုန်းမကြည့်ဖြစ်သေးပေ။ နေ့လည်စာ စားချိန်တောင်ကျော်နေပြီဟု ရှောင်ကျန့်တွေးကာ တစ်ခုခုစားရင်း ရိပေါ်ဆီသို့ စာပို့ဖို့ စိတ်ကူးလိုက်သည်။
" ဝေ.. ယွင်အာ ပြော ထူးထူးဆန်းဆန်း ဆက်လို့ပါလား။ "
ဖုန်းကိုအိတ်ထဲမှ ထုတ်ယူလိုက်စဥ် မြည်လာသည့်ဖုန်းကြောင့် ရှောင်ကျန့် ချက်ချင်းကိုင်လိုက်သည်။ ယွင်အာ သည် အလုပ်ချိန်တွင်း တော်ရုံဖြင့်ဖုန်းမဆက်၊ စာပို့သည်ကများသည်။
" ရှောင်ကျန့်ကော.. ဘယ်ရောက်နေလဲ။..စာပို့တာမပြန်လို့။"
" ရုံးမှာလေ..ယွင်အာ။အလုပ်များနေလို့ ဖုန်းတောင်မကြည့်ဖြစ်သေးတာ။အရေးကြီးလား ပြောလေ..။ "
ယွင်အာစာပို့သည်ကို မဖတ်၍စိတ်ပူကာဆက်လာသည်ဟု ရှောင်ကျန့် တွေးမိသည်။
" ရှောင်ကျန့်ကော အားမှ ပို့ထားတာလေးကြည့်လိုက်လေ.။ညနေရုံးအပြန် ဆိုင်၀င်ဖြစ်အောင် ၀င်ခဲ့ဖို့ ကျိုးချန်ကော မှာတယ်။"
" အေးပါ..၀င်ခဲ့မှာပါ။ ကော နေ့လည်စာမစားရသေးလို့ ဒါပဲနော်။ "
ရှောင်ကျန့်လိုရင်းပြောကာ ဖုန်းချလိုက်သည်။ ယွင်အာနည်းတူ ရိပေါ်လည်း သူ့ကိုစိတ်ပူနေလောက်ပြီဟု တွေးမိတာကြောင့်ဖြစ်သည်။
.......................
ရှောင်ကျန့်ကော ဖုန်းဖြေပုံအရ ယခုဖြစ်နေသည့်ကိစ္စကိုသိသေးပုံမရ ဟု ယွင်အာတွေးမိသည်။ ယွင်အာ မနက်ဆိုင်ဖွင့်ချိန်၌ လူပါးနေသောကြောင့် သုံးနေကျ သူမ၏ social media ကို ဖွင့်ကြည့်နေလိုက်သည်။ တက်လာသည့် ၀မ်ရိပေါ် နှင့် မေရန် ပုံများသည် အင်တာနက်စာမျက်နှာထက် hot search ၀င်သည့်အဆင့်ပင်ဖြစ်နေသည်။ ပုံမှန်လည်း ၀မ်ရိပေါ် နှင့် မေရန် တွဲရိုက်သည့် ကားတိုင်းလိုလိုသည် rumor ထွက်စမြဲပင်ဖြစ်သည်။
YOU ARE READING
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...