အပိုင်း ( ၈ ) Unicode + Zawgyi

1.6K 131 1
                                    

တင်းကြပ်စွာ ဖက်ထားသည့်လက်တွေကြောင့် အသက်ရူဖို့ပင် ခက်လှသည်။

" ကျန်ကော့...ပျောက်သွားမှာစိုးလို့ ကျနော်စိတ်ပူလိုက်ရတာဗျာ။"

၀မ်ရိပေါ် ယခုမှပင်စိတ်အေးနိုင်တော့သည်။

"ပျောက်ရအောင် ကိုယ်က ကလေးလား။ လွှတ်အုံးအသက်ရူကြပ်နေပြီ။ မင်း ...မိုးရေထဲ ဒီအတိုင်းလာရအောင် ရူးနေတာလား။ "

တစ်ကိုယ်လုံးမိုးရေစိုရွှဲနေသည့် ၀မ်ရိပေါ်ကို ပြောရင်း ရှောင်ကျန့် ရင်ခွင်ထဲမှအသာရုန်းထွက်လိုက်သည်။

" ဟုတ်တယ်.. ရူးတော့မှာ ခင်ဗျားကြောင့်လေ ရှောင်းရှောင်ကျန့် "

၀မ်ရိပေါ် တစ်ချိန်လုံးအပူဖြင့်တောက်လောင်နေသည်ကို စိတ် အေးစွာပြောလာသည့် ရှောင်ကျန့်ကို ဘုတောပြစ်လိုက်သည်။

" ၀ိုးးးး ၀မ်ရိပေါ် .. ကိုယ်ကမင်းကို ဘာအပြစ်လုပ်မိလို့တုန်း "

ရုတ်တရက်ကြီးထစွာသည့် ရိပေါ်ကို ရှောင်ကျန့် မျက်လုံးပြူး ကြည့်ပြီး မေးလိုက်၏။

"ပို့ထားတဲ့ စာတွေမဖတ်၊ ဖုန်းလည်းဆက်မရနဲ့ ကျွန်တော် ဘယ်လောက် စိတ်ပူသွားလဲ သိရဲ့လား ။"

ဒေါသသံလေးနှင့် ပြောလာသော ၀မ်ရိပေါ် ၏ နှာထိပ်လေး သည်ရဲနေပြီး အရည်လဲ့နေသောမျက်၀န်းလေးသည် တစ်ခုခုကို ထိန်း ချုပ်ထားသည့်နှယ်။

" ဆောရီး။ ဖုန်းက နေ့လည်က ယိုအိုးထဲပြုတ်ကျသွားလို့ "

‌ ရှောင်ကျန့် တောင်းပန်စကားပြောလိုက်ပြီး စားပွဲပေါ်မှ တစစီ ဖြစ်နေသော ဖုန်းကို မေးငေါ့ပြလိုက်သည်။ သူ့ကို စိတ်ပူနေသည့်ရိပေါ်ကို ဘာရယ်မဟုတ်ပြောလိုက်မိသည့်စကားကြောင့် စိတ်မကောင်းဖြစ်သွား မိသည်။

" ကိုယ်အပြစ်လုပ်မိပါတယ်။ စိတ်မဆိုးနဲ့တော့နော်။"

ဆူပုတ်ပြီး ထိုင်နေသည့် ရိပေါ် ဆံပင်လေးတွေကို ဆွဲဖွလိုက် ပြီး ရှောင်ကျန့်ပြောလိုက်သည်။

"ကျန့်ကော.. ဗိုက်ဆာတယ်။"

မချော့ခင်တောင် ပျော့ချင်နေသည်မှာ ၀မ်ရိပေါ်၏စိတ်ပင်ဖြစ် သည်။ ရှောင်ကျန့်ကို ပူနေရသည်စိတ်ကြောင့် ပစ်ထားမိသည့် အစာအိမ် သည် သူ့ကိုအသံပေးနေပြီဖြစ်သည်။

Won't forget (Complete )Donde viven las historias. Descúbrelo ahora