အပိုင်း ( ၂၆ ) Zawgyi

450 17 0
                                    

ရှောင်ကျန့် ထွက်သွားသော ရိပေါ်ကို မတားမိ။ သတိလက်လွတ်ကြည့်ရင်း အရုပ်ကြိုးပျက်ထိုင်ချကာ အားပါးတရ အော်ဟစ်ငိုကြွေးမိသည်။ သူအသိစိတ်တစ်ချက်လွတ်သွားသည်နှင့် ဖြစ်သွားသောအဖြစ်အပျက်က မယုံ နိုင်စရာ။ အမှန်ဆို အပြစ်မဲ့သည့် ၀မ်ရိပေါ်သည် သူ့စိတ်ထွက်ပေါက်၏ မြေစာပင် ဖြစ်သွားရခြင်းပင်။ အသိစိတ် ၀င်လာ သည်နှင့် ရိပေါ် ထွက်သွားပြီဆိုသော စိတ်သည် အရှင်လတ်လတ်ငရဲကျသလို ရှောင်ကျန့် ရင်ကိုပူလောင် စေသည်။

ရှောင်ကျန့် အရူးတစ်ယောက်ကဲ့သို့ အိမ်ထဲမှပြေးထွက်ခဲ့၏။ အကြိမ်ကြိမ်ခေါ်နေသောဖုန်းမှာ Ring သံဆုံး သည့်တိုင် ကိုင်သူမဲ့နေသည်။ မဖြစ်ဘူး ရိပေါ်.။ မင်းမရှိလို့ မဖြစ်ဘူး။ကိုယ် မင်းမရှိပဲ မနေနိုင်ဘူး။ မင်းနဲ့ခွဲ ရရင် ကိုယ်သေသွားလိမ့်မယ် ရိပေါ်...။

ရှောင်ကျန့် စိတ်ထဲမှအကြိမ်ကြိမ်ရေရွတ်ရင်း ဖုန်းကိုဆက်တိုက်ခေါ်ကာ ရိပေါ် ကို လိုက်ရှာနေမိသည်။

"ရိပေါ်.. ဘယ်မှာလဲ၊ဘယ်ရောက်နေလဲ။ ကိုယ်စိတ်ပူနေတာ..။"

အဆက်မပြတ်ခေါ်နေသည့်ဖုန်း ရုတ်တရက်ကိုင်လိုက်သောကြောင့် ရှောင်ကျန့် စိတ်ပူစွာမေးလိုက်၏။

"ဖုန်းပိုင်ရှင်က အရမ်းမူးနေတယ်ခင်ဗျ။ လာခေါ်ပေးပါလား ။"

"ဟုတ်ကဲ့.. ခုချက်ချင်းလာပါ့မယ်။ ဂရုစိုက်ပေးထားပါနော်။ "

ဖုန်းကိုင်သူမှာ ရိပေါ်မဟုတ်ပဲ တခြားသူဖြစ်နေသည်။ ရှောင်ကျန့် ဖုန်းကိုင်သူကို သေချာဂရုစိုက်ထားပေးရန် မှာပြီး ပြောပြသည့်လိပ်စာဆီအပြေးသွားမိ၏။ တော်သေးသည်။ ၀မ်ရိပေါ် အရမ်းဝေးဝေးကို ထွက်မသွားသည်ကိုပင် ကျေးဇူးတင်လိုက်မိ၏။

ဆိုင်၏ စားပွဲပေါ်၌ မူးပြီးမှောက်နေသည့် ရိပေါ်ကို တွေ့လိုက်ရသည်။ အသိစိတ်ပျောက်သည်အထိ သောက်ပစ်လိုက်ပုံရ၏။ ဆိုင်ရှင်ကို ရှောင်ကျန့် ပိုက်ဆံရှင်းပေးပြီး ရိပေါ် ကို ကျောပိုးကာ ခေါ်ခဲ့လိုက်သည်။ သူ့ကျော ပေါ်မှ ရိပေါ်၏ယောင်ယမ်းကာ တစ်ချက်တချက် ရှိုက်ငိုသံကြားရသလို၊ ကောကို ကျွန်တော်အရမ်းချစ်တာပါ‌ဗျာ ဆိုသည့် စကားသံသည် ရှောင်ကျန့်နှလုံးသားကို အပ်နှင့် ထိုးသကဲ့သို နာကျင်လှ၏။ မင်းနှလုံးသားလေး နာကျင်အောင် ကိုယ်လုပ်မိတဲ့အတွက် ခွင့်လွှတ်ပါ ကိုယ့်ကလေးငယ်...။

Won't forget (Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ