ရှောင်ကျန့် မားမား ရုတ်တရက်မူးလဲတယ်ဆိုပြီး ညီမလေး ကျန်းမေဖုန်းဆက်သောကြောင့် ခွင့်တင်ပြီး ဇာတိမြို့ဖြစ်သည့် ချုံးချင်း ကိုချက်ချင်းပြန်ခဲ့ရသည်။ အကြောင်းရင်းမှာ အငယ်ဆုံးညီမလေး ဖေးဖေး ချစ်သူနှင့်လိုက်ပြေးသွားခြင်းပင်။
ငယ်သေးသည်ဆိုသော်ငြားလည်း ဖြစ်ပြီးသွားပြီမို့ လက်ခံဖို့ သာရှိတော့၏။ မားမားကို လက်ခံနိုင်အောင်ဖြောင်းဖြပြောဆိုပြီး အလုပ်ကခွင့်ကြာရင်အဆင်မပြေသောကြောင့် ၃ရက်နေပြီး စီစဉ်စရာ အားလုံး လုပ်ပေးပြီး ရှောင်ကျန့်ပြန်ခဲ့လိုက်သည်။
ဆိုင်မှာဂျူတီပြန်၀င်သည်နှင့် ၀မ်ရိပေါ်၏စာအိတ်လေးသည် ရှောင်ကျန့်ကို စောင့်ကြိုနေသည်။ စာအိတ်လေးဒေါင့်စွန်းမှ ဖုန်းနံပတ် လေးသည် ရေစိုသွား၍မှင်လေးတွေပြန့်ကုန်ပြီဖြစ်သည်။
မတော်တဆဖြစ်ရပ်အပေါ် ရှောင်ကျန့် ရပါတယ်ဟုပင် ခပ် ဖျော့ဖျော့လေသံဖြင့်သာပြောနိုင်ခဲ့သည်။ သည်လိုပါပဲ။ အဆင်မပြေမှု ဆိုတာ ရှောင်ကျန့်ဆီသို့အပေါင်းအသင်းနှင့်လာတက်စမြဲပင်...။
ည ၁၁နာရီနောက်ပိုင်းဆိုလျှင် ဆိုင်သို့ လူအ၀င်အထွက်မရှိ သလောက်ကိုနည်းသွားပြီဖြစ်သည်။ မလာနိုင်တာ သိပေမယ့်လာနေကျ လမ်းလေးဆီသို့ မျှော်ကြည့်ရင်း စာအိတ်လေးကို ရှောင်ကျန့် ဖောက် ဖတ်လိုက်သည်။
ရိပေါ်၏ မွေးနေ့ဆုတောင်းလေး။ ရိုးရှင်းသည်ဆိုသည့်တိုင် ရင်ထဲမှာအတိုင်းမသိကြည်နူးမိ၍ မျက်ရည်၀ဲမိသည်အထိ။
ရှောင်ကျန့် သူ့အတွက်ကတော့ ၀မ်ရိပေါ်သည်ထိုသို့ အဓိပ္ပာယ်ပင်။ သူ့အကြောင်းတွေးလိုက်သည်နှင့် အလိုလို ပြုံးပျော်လာ အောင်လုပ်နိုင်သလို၊ မျက်ရည်ကျအောင်လည်းလုပ်နိုင်သည်။
အိမ်ကိစ္စကြောင့် မိမိမွေးနေ့ကို သတိမရနိုင်သည့် သူ့အတွက် ရိပေါ်ဆိုသည့်ကလေးလေးက သတိတရရှိပေး၍ ပျော်ရွှင်မိ၏။ "စောင့်နေပေးပါ"ဆိုသည့် စကားသည် ဘယ်လိုအဓိပ္ပာယ်မျိုးနှင့် ဘယ် လောက်ထိ တာသွားသည်ဆိုတာ မင်းသိရဲ့လား "ရိပေါ်" ....။
![](https://img.wattpad.com/cover/255689347-288-k312735.jpg)
DU LIEST GERADE
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...