ဝမ်ရိပေါ် ကြော်ငြာရိုက်နေစဉ် ရှောင်ကျန့်ရောက်နေသည်ကို လှမ်းတွေ့လိုက်သည်။ စတစ်ကော်လံ အဖြူလေး ကိုစတိုင်ပန်နက်ပြာလေး နှင့်ဝတ်ထား၍လူအများကြားထဲမှာ ထင်ပေါ် သန့်ပြန့်နေသော သူ၏ လူကြီးလေး။ သူအလုပ် လုပ်နေသည်ကိုမြင်၍ဖြစ်မည် ခေါင်းငုံပြီး ဖုန်းကိုသာကြည့်နေ၏။. ၀မ်ရိပေါ် ခန့်မှန်းတာ မမှားဘူးဆိုလျှင် ရောက်ပြီ ဆိုသည့်အကြောင်း သူ့ဆီသို့စာပို့နေခြင်း ဖြစ်လိမ့်မည်။
ဝမ်ရိပေါ် ရှောင်ကျန့်ဆီသို့ ရောက်နေသည့်အာရုံကို အလုပ်ထဲသို့ ပြန်ပြောင်းကာအာရုံစိုက်သည်။ ဒါရိုက်တာ ဆီမှ ကဒ် ဆိုသောအသံကြားသည်နှင့် ချက်ချင်း သာကောဆီမှ ဖုန်းကိုတောင်းကာ စစ်လိုက်သည်။ ထင်ထားသည့် အတိုင်း စာတိုလေးကိုတွေ့လိုက်ရ၏။
ဝမ်ရိပေါ် ကျိလင်သာကောကို နားနားကပ်ကာ တီးတိုးပြောပြီးသည်နှင့် အိမ်သာထဲသို့ ၀င်လိုက်ခဲ့လိုက်သည်။
" ကျန့်ကော.. ဘယ်မှာလဲ "
အိမ်သာထဲမှ ၀မ်ရိပေါ် ရှောင်ကျန့်ရှိမည့်နေရာကို စာပို့ကာမေးထားလိုက်သည်။ ခဏအကြာမှာ သာကောကို မှာထားခဲ့၍ ၀န်ထမ်းတစ်ယောက် အိမ်သာတံခါးကိုခေါက်ကာ အချက်ပြလာသည်။ ထိုနောက် Hoddie အင်္ကျီအ၀ါ လေး ကိုတင်ပေးလာသည်။ Hoddie ကိုခေါင်းထိဆောင်းလိုက်ကာ ထုံးစံအတိုင်း Mask တပ်ပြီး ဖုန်းကိုကြည့်ရင်း မသိမသာထွက်လာခဲ့လိုက်သည်။
ရှောင်ကျန့်ဆီမှ စာပြန်ပို့မလာသောကြောင့် စက်လှေကားနားမှ ဖုန်းဆက်ကြည့်ဖို့လုပ်လိုက်သည်။ တွေ့ပါပြီ ၀မ်ရိပေါ်၏ ယုန်လူကြီးလေး။ အောက်ထပ် လျှောက်လမ်းပတ်လည်မှာ ချထားသောခုံပေါ်မှာ ငုံ့ပြီး သဲကြီးမဲကြီး ဘာများ စားနေပါလိမ့်ဟု ၀မ်ရိပေါ် တွေးလိုက်သည်။။ အောက်သို့မြန်မြန်လေး ဆင်းသွားလိုက်ပြီး.. အနားမှာကပ်ထိုင်ကာ စားနေသောရေခဲမုန့်ခွက်ကို ဆွဲယူပြစ်လိုက်သည်။
.....................
ရှောင်ကျန့် ရုတ်တရက်ဘေးမှာ ပူးကပ်အောင်လာထိုင်ပြီး ရေခဲမုန့်ခွက်ကို ဆွဲလုခံလိုက်ရသောကြောင့် ပါးစပ်မှာ ရေခဲမုန့်ဇွန်း တန်းလန်းနှင့် လှည့်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/255689347-288-k312735.jpg)
ŞİMDİ OKUDUĞUN
Won't forget (Complete )
Hayran Kurgu" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...