၀မ်ရိပေါ် လေဆိပ်ထဲသို့ ၀င်လိုက်သည်နှင့်သူ့ကို ၀ိုင်းအုံနေသော လူများကို ကျော်၍ ကျန့်ကောကို မသိမသာ ရှာလိုက်သည်။ ကောင်မလေးတစ်သိုက်နှင့် ရီမောကာ အဖွဲ့ကျနေသည့် ရှောင်ကျန့်ကို မျက်မှောင်ကုတ်ကာ တစ်ချက် စိုက်ကြည့်လိုက်သည်။ လူငယ်ဆန်ဆန်T-shirt အပွ ကြက်သွေးရောင်လေးကို ဂျင်းဘောင်းဘီအကြပ်လေးနှင့် ၀တ်ထား သောကြောင့် လူငယ်လေးတစ်ဦးကဲ့သို့ ကြည့်ကောင်းနေပြန်သည်။
ကောင်မလေးနှင့်အတူ ဓာတ်ပုံတောင် အတူတွဲရိုက်နေကြသေး၏။ ကောင်မလေးတစ်ယောက်မှ ရှောင်ကျန့် ခါးကိုဖက်ထားသောကြောင့် ဒါတော့များသွားပြီ ရှောင်းရှောင်ကျန့် ဟု ၀မ်ရိပေါ် စိတ်ထဲမှ ကျိန်း၀ါးလိုက်သည်။
ကျိလင် ၀မ်ရိပေါ်ဘေးမှ အလုပ်ကိစ္စဖုန်းပြောကာ လျှောက်လာရင်း ရုတ်တရက်အိတ်ကို ဆောင့်ဆွဲ ခံလိုက်ရ သည်။ ၀မ်ရိပေါ် ၏ သုန်မှုန်နေသောမျက်နှာနှင့်အတူ မျက်ရိပ်ပြအချက်ပေးသောနေရာသို့ လှမ်းကြည့်လိုက်သည်။ ဟင်းး ၀မ်သဲသဲကတော့ မလွယ်ဘူး ဟု ကျိလင် သက်ပြင်းခိုးချရင်း လူအုပ်ကြားမှတိုးထွက်ကာ ရှောင်ကျန့်ရှိရာသို့ လျှောက်လာခဲ့လိုက်သည်။
ရှောင်ကျန့် နှင့်လီလီ စကားပြောနေစဥ် သူမသူငယ်ချင်းအဖွဲ့ပါ ရောက်လာသောကြောင့် မိတ်ဆက်ပေးရင်း အမှတ်တရ ဓာတ်ပုံရိုက်နေကြခြင်းဖြစ်သည်။ ကျိလင်ကော သူ့ဆီလျှောက်လာသည်ကို မြင်၍ လီလီတို့ကို နုတ်ဆက်ကာ ထွက်လာခဲ့လိုက်၏။ ရိပေါ် ရောဆိုပြီး ရှောင်ကျန့်ပါးစပ်လှုပ်ရုံလေသံဖြင့် ကျိလင်ကောကိုမေးလိုက်သည်။
" ရှောင်ကျန့် ခုန မိုးခြိန်းသံမကြားလိုက်ဘူးလား ။"
" ဟီး..ဟုတ်လား .. မြင်သွားတာလား ။"
ပြုံးစိစိနှင့်ပြောလာသည့်ကျိလင်ကောကြောင့် ရှောင်ကျန့် ခတ္တမျှ ကြောင်သွားမိသည်။ နောက်မှ ဆိုလိုသည့် သဘောကိုနားလည်သွားခြင်းဖြစ်သည်။
................
လေယာဥ်ပေါ်သို့ ၀မ်ရိပေါ် ရောက်နှင့်နေပြီး ဦးထုပ်ကိုမျက်နှာပေါ်အုပ်ကာ အပေါ်ထပ်အင်္ကျီကိုခြုံပြီး အိပ်ချင်ယောင်ဆောင်နေလေ၏။ ထိုအမူအယာသည် ၀မ်ရိပေါ် သူ့ကို စိတ်ကောက်နေမှန်း ရှောင်ကျန့်သိလိုက်သည်။ ကျိလင်ကောက ၃ယောက်တန်းဖက်ခုံမှာ ၀င်ထိုင်လိုက်သောကြောင့် လျှောက်လမ်းသာခြားသည့် နှစ်ယောက်တန်းခုံ ၀မ်ရိပေါ် ဘေးမှာ ရှောင်ကျန့် ၀င်ထိုင်လိုက်သည်။

YOU ARE READING
Won't forget (Complete )
Fanfiction" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...