အပိုင်း ( ၃၀ )Unicode

1K 63 2
                                    

ရှင်းရှင်း၏ နယ်မြို့လေးရှိရာ Shan Hu‌a ရွာလေးသို့ရောက်ခဲ့ကြသည်။ တောင်ပတ်လည်၀ိုင်းနေသော ရွာလေး သည် ရာသီဥတုကောင်းပြီး အရမ်းလည်းသာယာသည်။ ရှင်းရှင်းတို့အဖိုးအိမ်ရောက်သည်နှင့် အားလုံးမှ ၀မ်းပန်းတသာ ကြိုဆိုကြ၏။

"မြေးတို့..ကိုယ့်အိမ်ပြန်ရောက်သလိုသဘောထားပြီးလွတ်လွတ်လပ်လပ်နေကြနော်။နောက်ရက်ကျ တောင်ပေါ်ခြံထဲ သွားလည်ကြပေါ့...။"

ရှင်းရှင်းမှ သူမဖိုးဖိုး နှင့် အားလုံးကိုမိတ်ဆက်ပေးသည်။ ဧည့်သည်လာလည်သည်ကို ဖိုးဖိုးမှ သဘောကျစွာဖြင့် နွေးထွေးစွာပြောလာ၏။

"ဟုတ်ကဲ့ပါ.. ဖိုးဖိုး.။ တောင်ပေါ်ခြံဆိုတော့ ဘာတွေစိုက်တာလဲဟင်။"

ရှောင်ကျန့် စိတ်၀င်စားစွာမေးလိုက်သည်။ သည်ရွာလေး၏ အေးချမ်းပုံကို သူသဘောကျမိခြင်းဖြစ်သည်။

" လိမ္မော်နဲ့စပျစ်တွေ စိုက်ထားတယ်..မြေးရဲ့..။. အဲ့မှာ ညအိပ်နိုင်ဖို့လဲ ဖိုးဖိုးစီစဥ်ထားပေးတယ်။ "

"ဟွားးး ပျော်စရာကြီး မိုက်တယ် .. "

အားလုံးမှတညီတညွတ်တည်း ပြောလိုက်ခြင်းဖြစ်သည်။

" ဟုတ်တယ် ခြံကအကျယ်ကြီးပဲ တနေကုန်ခြံထဲလည်ပြီး ညကျ မီးပုံပွဲလုပ်ကြမယ်လေ။ ဒီနေ့တော့ ခရီးပမ်းလာတော့ ဒီမှာပဲ အနားယူကြတာ‌ပေါ့...။"

ရှင်းရှင်း မလာခင်ကတည်းက ကြိုတင်စီစဥ်ထားခြင်းဖြစ်သည်။ ယခုလို အားလုံးပျော်ကြသည်ဆို၍ သူမလည်း ပျော်ရွှင်မိသည်။

..................

ရှင်းရှင်းမှ သူတို့နားဖို့အတွက် စီစဥ်ထားသည့် အခန်းများကို လိုက်ပြပေးပြီး အမျိုးများနှင့် မိတ်ဆက်ပေးရန် ကျိုးချန်ကိုပြန်ခေါ်ထုတ်သွားသည်။ ယွင်အာနှင့် ကျိလင်ကောက လေယာဥ်ဖြင့် ၂နာရီ၊ ထိုမှတဆင့် ကားကို ၅နာရီ လောက်ပြန်စီးရသည်မို့ နားချင်သည်ဟုဆိုကာ အခန်းထဲကိုယ်စီ၀င်သွားကြသည်။ ထိုကြောင့် ရှောင်ကျန့်တို့လည်း သူတို့အတွက်ပြင်ဆင်ထားသည့်အခန်းထဲသို့ ၀င်ခဲ့လိုက်၏။

ရှောင်ကျန့်အခန်းပြတင်းပေါက်မှ မြင်နေရသည့် စိမ်းစိုနေသောတောင်တန်းများ၊ ခြံတိုင်း၌ စိုက်ပျိုးထားသော ပန်းရောင်စုံများ နှင့် သီးပင်စားပင်လေးများကို မြင်ရသည်မှာ စိတ်အေးချမ်းလွန်းသည်ဟု ခံစားမိသည်။

Won't forget (Complete )Onde histórias criam vida. Descubra agora