အပိုင်း ( ၆ ) Unicode + Zawgyi

1.4K 128 0
                                    

ရှောင်ကျန့် အချိန်ယူခဲ့ပြီးသည့်တိုင် စိတ်သည်ထိန်းချုပ်ရ ခက်ပြီး ယောက်ရက်ခက်နေဆဲပင်။ အလုပ်ထဲ စိတ်နှစ်ကြည့်၍ မရသလို၊ ဘာမှ မလုပ်ချင်လောက်အောင်ပင်အာရုံတွေပြန်လွင့်နေခြင်းဖြစ်သည်။

အသက်အရွယ်အားဖြင့် တည်ငြိမ်ရင့်ကျက်ရမည့် အရွယ်ဖြစ် သော်လည်း ၀မ်ရိပေါ်နှင့်ပတ်သက်လျှင် စိတ်ခံစားချက်ပြင်းထန်သူ တစ်ယောက်ဖြစ်သည်။

လက်ရှိအခြေအနေဖြင့် နေသားကျနေပြီဖြစ်သည့် သူ့အတွက် ၀မ်ရိပေါ် သူ့ကို မမေ့သေးဘူးဆိုသည့်အသိသည် အနည်ထိုင်ပြီး တည်ငြိမ်နေသည့်ရေပြင်ပေါ် ဗုံးတစ်လုံးပေါက်ကဲသွားသကဲ့သိုပင်။ သူသည်လည်း ၀မ်ရိပေါ်ကို တွေ့ချင်သည့်စိတ်ပြည့်လျှံ နေသော်ငြား လည်း တစ်ဖက်သတ်ဖြစ်သည့် သူ့စိတ်ခံစားချက်ကို ဆက်လက် မထိန်း ချုပ်နိုင်မှာကို စိုးထိတ်မိခြင်းဖြစ်သည်။

၀မ်ရိပေါ် နှင့်တွေ့ဆုံမိလျှင် အတိုင်းအဆမဲ့တိုးပွားလာမည့် သူ၏လောဘကို ကြောက်ရွံ့မိသည်။ အရောင်ပြောင်းနေသည့် သူ့စိတ်သည် ဖြူစင်သည့်ကလေးတစ်ယောက်ဖြစ်သည့် ၀မ်ရိပေါ် ရွံ့မုန်း သွားမှာကို မလိုလားပေ။

ရှောင်ကျန့်သည် အတွေးများလွန်းသူဖြစ်သည်။ ၀မ်ရိပေါ် သူ့ကိုမေ့သွားမှာ ကြောက်သလို၊မသိစိတ်သည် ၀မ်ရိပေါ် သူ့ဆီ ပြန်လာဖို့ အမြဲမျှော်လင့်နေသူဖြစ်၏။ ယခုလို ပြန်လည်တွေ့ဆုံရဖို့ အခွင့်အလမ်း ရှိလာသော်လည်း သူ့အတွေးနှင့်သူ ပတ်ချာရမ်းနေပြန်သည်။

.................

သေချာဆုံးဖြတ်ပြီးသော်လည်း ယွင်အာ ချီတုံချတုံ ဖြစ်နေ သေးသည်။သူမကောင်းမည်ဟုထင်ကာ လုပ်လိုက်ပြီးမှ ရှောင်ကျန့် ကောအတွက် ဆိုး၀ါးသည့်အခြေအနေတစ်ခုဖြစ်သွားမည်ကိုလည်း စိုးရိမ်မိသည်။

"ယွင်အာ "

" အမလေး လန့်လိုက်တာ... ကျိုးချန်ကောရယ်"

ကျိုးချန်ကောသည် ရှောင်ကျန်ကောနှင့်ကော်ဖီဆိုင် စပ်တူဖွင့် ထားသည့်သူငယ်ချင်းဖြစ်သည်။ အတွေးများနေသည့်သူမ ရုတ်တရက် ခေါ်သံကြောင့်လန့်သွားခြင်းဖြစ်သည်။ ယွင်အာ ကျိုးချန်ကော ကို တိုင်ပင်ကြည့်ဖို့ အကြံရလိုက်၏။

Won't forget (Complete )Onde histórias criam vida. Descubra agora