အပိုင်း (၂၂) Unicode

1K 85 2
                                    

မနက်ဖြန်ဆိုလျှင် ၀မ်ရိပေါ် ၏ 24 နှစ်မြောက် မွေးနေ့ဖြစ်သည်။ သူတို့နှစ်ယောက်ပြန်ဆုံပြီးမှ ပထမဆုံး အကြိမ် ဖျတ်သန်းရမည့်မွေးနေ့လေးကို ရှောင်ကျန့် အတူရှိချင်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၀မ်ရိပေါ် ကားရိုက်ရှိ၍ ပြီးခဲ့သည့် 2ရက်ကပင် Shanghai သို့ သွားခဲ့ပြီဖြစ်သည်။

၀မ်ရိပေါ် ပြန်လာမည့်ရက်သည် မွေးနေ့ကိုကျော်လွန်သွားမည်ဖြစ်သည်။ ရှောင်ကျန့် ၀မ်ရိပေါ်မွေးနေ့ကို အမှတ်တရလေးဖန်တီးပေးချင်မိသည်။ ကြံရာမရသည့်အဆုံး ကျိလင်ကောကို အပူကပ်ဖို့ ရှောင်ကျန့် ဆုံးဖြတ် လိုက်သည်။

" ‌ဝေ .. ရှောင်ကျန့် ပြော။ "

" ကျိလင်ကော ကို ကျွန်တော် တစ်ခုလောက်အပူကပ်ချင်လို့.. ခု ရိပေါ် အနားမှာရှိလား။"

တစ်ဖက်မှ ဖုန်းကိုင်သည်နှင့် ရှောင်ကျန့်မ၀ံ့မရဲလေးမေးလိုက်သည်။ သူ့အတွက်နှင့် ကျိလင်ကောအလုပ်များ တော့မည်ကိုသိ၍ အားနာမိသည်။

" မရှိဘူး ရှောင်ကျန့်.. သူအလုပ်လုပ်နေတယ်။ ပြောချင်လို့လား။ "

" ကျွန်တော်ဆက်တာ သူမသိစေနဲ့ ကျိလင်ကော။ "

" အင်း ... ကော ဘာကူညီပေးရမလဲ၊ ပြောလေ။ "

ထူးဆန်းစွာ ရှောင်ကျန့်ဆီမှ အကူအညီတောင်းလာသည်မို့ ကျိလင်စိတ်၀င်စားစွာမေးလိုက်သည်။

" ဟီး.. ၀မ်ရိပေါ်ကိုလေ ဒီည နောက်ဆုံးလေယာဥ်နဲ့ဖြစ်ဖြစ် ကျွန်တော့်ဆီ ပြန်လွှတ်ပေးလို့ရလား။"

ရှောင်ကျန့် မျက်နှာချိုသွေးသည့်အနေဖြင့် ရီပြကာ သူဖြစ်ချင်သည့်ကိစ္စကိုပြောလိုက်၏။

" ဟင် ! ဘာဖြစ်လို့တုန်း.. အထူးဆန်းကြီး။ "

တစ်ကယ်ပင် ကျိလင်ထူးဆန်းသွားခြင်းဖြစ်သည်။ ရှောင်ကျန့်သည် ရိပေါ်အလုပ်ကို အနှောက်အယှက်ဖြစ်မည် စိုးတာကြောင့် ထိုသို့‌တောင်းဆိုခြင်းများကို လုပ်လေ့မရှိသူဖြစ်သည်။

"ဟိုလေ ကော.. မနက်ဖြန် ရိပေါ် မွေးနေ့ ဆိုတော့လေ.အဲ့ဒါ သူ့ကို ဒီည ၁၂ နာရီကျော်ရင် စပရိုက်တိုက်ချင်လို့။"

Won't forget (Complete )Tempat cerita menjadi hidup. Temukan sekarang