အပိုင်း ( ၂၄ ) Unicode

957 82 3
                                    

မနက်ခင်း အင်တာနက်စာမျက်နှာတွင် မေရန့်ကျေးဇူးကြောင့် ၀မ်ရိပေါ်နှင့် ရှောင်ကျန့်သတင်းများဖြင့် ‌ဝေဝေ ဆာဆာပင်။ အကောင်းမြင်၀ါဒဖြင့် ရေးသားထားခြင်းသည် ၂၀ရာခိုင်နှုန်းဆိုလျှင် ပြစ်တင်‌ဝေဖန်ရှုံ့ချခြင်းသည် ၈၀ ရာခိုင် နှုန်းဖြစ်သည်။ ၀မ်ရိပေါ် ဧည့်ခန်းထဲ Laptop တစ်လုံးဖြင့် တက်လာသောသတင်းများကို အေးဆေးစွာ ထိုင်ကြည့် နေသလို၊ မီးဖိုချောင်ထဲ၌ ရှောင်ကျန့်သည်လည်း မနက်စာစားဖို့ အေးအေးဆေးဆေးပြင်ဆင်နေလေ၏။

"တီးတောင်..တီးတောင် "

Bell မြည်သံကြောင့် ရိပေါ် က တံခါးကိုဖွင့်ပေးလိုက်သည်နှင့် ကျိလင်ကော ၀င်လာသည်။

" ကျိလင်ကော လာပြီလား။ တစ်ခါတည်း မနက်စာ ၀င်စားလိုက်လေ။"

ရှောင်ကျန့် ကျိလင်ကောကို မြင်လိုက်သည်နှင့် လှမ်းပြောလိုက်သည်။

" ကော စားခဲ့ပြီ ရှောင်ကျန့်ရေ။ကော်ဖီပဲ သောက်တော့မယ်။"

"အိုခေ ကော..။"

"မင်းတို့ကြည့်ရတာ မနက်စာတောင်အေးဆေးစားနေနိုင်တယ်ဆိုတော့ ရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီပေါ့။"

တစ်မနက်ခင်းလုံး အင်တာနက်စာမျက်နှာပေါ်တွင်ဆူညံပွက်လောရိုက်နေသလို ကျိလင်ဆီသို့ ဆက်လာသမျှ ဖုန်းများကို ဖြေရသည်မှာ အာပေါက်မတတ်ပင်။ ကာယကံရှင် နှစ်ယောက်မှာတော့ ဘာမှမဖြစ်သည့်အတိုင်း အေးဆေး တည်ငြိမ်လျှက်။

" မျှော်လင့်ပြီးသားလေ သာကော .. အေးဆေးပါ ။"

၀မ်ရိပေါ်က မနက်စာစားရန် စားပွဲ၌၀င်ထိုင်ကာဖြေလိုက်သောကြောင့် ကျန့်ကောကပါ ထောက်ခံသည့် အကြောင်း အပြုံးလေးဖြင့် သက်သေပြသည်။

" ကောင်းတယ်ကွာ.. အဲ့လိုစိတ်ဓာတ်တွေ ကြိုက်တယ်။ "

ကျိလင် ရှောင်ကျန့်ဖျော်ပေးသော ကော်ဖီကို တစ်ကျိုက်မော့သောက်လိုက်ရင်း ချီးကျူးစကားဆိုလိုက်သည်။ ဟုတ်သားပဲ။ ဖြစ်မှာကြိုသိနေပြီးသားကို ဘာတွေများ တုန်လှုပ်ဖို့လိုအပ်ဦးမလဲ။

"ရိပေါ်.. ကိုယ်ရုံးသွားတော့မယ်နော်။အိတ်ထဲမှာ နေ့လည်အဆာပြေစာဖို့ ကွတ်ကီးနဲ့.. ကော်ဖီကို ဓာတ်ဗူးထဲမှာ ထည့် ထားပေးတယ်.. မေ့မကျန်ခဲ့နဲ့အုံး။ "

Won't forget (Complete )Onde histórias criam vida. Descubra agora