အလိုက်ကန်းဆိုးမသိ အဆက်မပြတ် မြည်နေသည့် ဖုန်းသံကို ၀မ်ရိပေါ် စိတ်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲနေမိသည်။
" ရိပေါ်...ခန..ဖုန်းလာနေလို့...ဆို။"
ခေါင်းကို ဆွဲမကာ ပြောလာသည့် ရှောင်ကျန့်ကြောင့် ၀မ်ရိပေါ် ရပ်တန့် လိုက်ရသည်။
" ဝေ.. ကျိုးချန် ပြော။ "
ရှောင်ကျန့် မကြည်သလိုကြည့်လာသည့် ၀မ်ရိပေါ်ကို မျက်နှာချိုသွေးကာ ဖုန်းစပီကာကိုဖွင့်ရင်းပြောလိုက်သည်။
"ရှောင်ကျန့်... မင်း အသက်ကောရှိသေးရဲ့လား။ ခါတိုင်း ပိတ်ရက်ဆို ဆိုင်ကိုရောက်တဲ့ကောင်က .. ခု လင်ရမှ ဖုန်းတောင်မဆက်တော့ဘူး။"
"ဟေ့ကောင် ငနာကျိုးချန်.. မင်းကို မနေ့တည်းကပြောတယ်လေ မလာ ဘူးလို့။ "
စပီကာထဲမှ စူးရှစွာထွက်ပေါ်လာသည့်ကျိုးချန်ကို ရှောင်ကျန့် ကျိတ်ဆဲရင်းပြန်ပြောလိုက်သည်။
" အေး.. မင်းမလာလည်း ငါနဲ့ ယွင်အာ လာနေပြီ။ ၀မ်ရိပေါ် လည်းရှိတုန်း စုပြီး Dinner ကြမလို့။ "
" ဟမ် ! လာနေပြီလား။ မင်းတို့ဘာမှကြို မပြောတော့ ငါဘာမှ၀ယ် မထားဘူးလေ။"
အမှန်က သူ့ကလေးကြိုက်သည့်အရာများကိုသာ ရှောင်ကျန့် ပြင်ဆင်ထားတာဖြစ်သည်။
" မလိုဘူး.. ငါနဲ့ယွင်အာ အားလုံး၀ယ်လာပြီ ။ဒါပဲ ရောက်တော့မယ်။ "
ဟိုဖက်မှ ဖုန်းချသွားသည်နှင့် ထုံးစံအတိုင်း ယုန်သွားလေးပေါ် သည်အထိပြုံးပြကာ မျက်နှာချိုသွေးလာသည့် ရှောင်ကျန့်ကို ၀မ်ရိပေါ် မျက်နှာပုတ်သိုးလျှက် စိတ်ကောက်ပြလိုက်သည်။ ဟိုနှစ်ယောက်ကို လည်းစိတ်ထဲမှ မေတ္တာပို့လိုက်၏။ ကောင်းခန်းရောက်မှ မီးဖျတ်ခံလိုက် ရသလိုပင်။ ကူညီပေးဖူးသည့် ကျေးဇူးရှင်တွေဖြစ်နေလို့သာ သည်းခံ လိုက်ခြင်းဖြစ်သည်။
"ကိုယ့်ကလေးငယ် စိတ်ကောက်တဲ့ပုံလေး ချစ်ဖို့ကောင်းလိုက်တာကွာ။ ပြွတ်စ်...။ လိမ္မာတယ် စိတ်ကောက်ပြေပေးနော်။"
ရှောင်ကျန့် စိတ်ကောက်လို့ စူထော်နေသည့် နှုတ်ခမ်းလေးကို အသံမြည်သွားသည်အထိနမ်းလိုက် ပြီး ချော့မော့လိုက်သည်။ အချော့ခံ ချင်၍ စိတ်ကောက်နေခြင်းကိုလည်း ရှောင်ကျန့်သိ၏။
ВЫ ЧИТАЕТЕ
Won't forget (Complete )
Фанфикшн" ဘ၀မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့ရတယ်.... ဘ၀နဲ့ဆန္န ဘယ်တော့မှ ထပ်တူမကျခဲ့တဲ့ ကိုယ့်အတွက် တစ်ကယ်လို့များ တစ်ခါလောက်လေးပဲ ဖြစ်ချင်တဲ့ ဆန္နကိုရွေးချယ်ခွင့်ရမယ်ဆိုရင် မင်းနဲ့အတူရှိနေခွင့်လေး တောင်းဆိုချင်တယ်.... ကိုယ့်ရဲ့ဆန္နဟာ မင်းပ...
